Saturday, August 15, 2020

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ အီရန်နိုင်ငံ၏ လက်နက်တင်ပို့ရောင်းချခွင့်တားမြစ် ပိတ်ပင်မှုတိုးမြှင့်ခြင်းနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်ကိုပယ်ချခဲ့

အီရန်နိုင်ငံအား လက်နက်တင်ပို့ရောင်းချခွင့်ပိတ်ပင်မှုတိုးမြှင့်ရန်အတွက် အမေရိကန် မှ တင်သွင်းသောဆုံးဖြတ်ချက်အား ဩဂုတ်လ ၁၄ ရက်နေ့တွင် ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှ ပယ်ချခဲ့ပါသည်။
အဆိုပါဆုံးဖြတ်ချက်မူကြမ်းကို သဘောတူလက်ခံရန်အတွက် လိုအပ်သော ထောက်ခံမဲ ၉ မဲကို ရရှိရန်အတွက် မအောင်မြင်မှုများရှိခဲ့ပါသည်။ ပြင်သစ်၊ ဂျာမနီ၊ အင်္ဂလန်နိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၁ နိုင်ငံနှင့် တရုတ်၊ ရုရှားနိုင်ငံတို့မှ ကန့်ကွက်ခဲ့ကြပါသည်။
ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံသံအမတ် Zhang Jun မှ မဲရလဒ်များထွက်ပေါ် လာပြီးနောက်တွင် တစ်ဖက်သတ်ဝါဒကို ထောက်ခံခြင်းမရှိကြောင်းနှင့် အနိုင်ကျင့်မှု သည် ကျရှုံးမှုကိုဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
၂၀၁၈ ခုနှစ် မေလတွင် သမ္မတ Donald Trump မှ အီရန်နိုင်ငံ နျူကလီးယား သဘောတူညီချက်မှ နှုတ်ထွက်ခဲ့ပြီချိန်မှစ၍ အမေရိကန်နိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အီရန်နိုင်ငံနှင့်ပတ်သက်၍ ပို၍ခွဲခြားခဲ့ပါသည်။ လုံခြုံရေး ကောင်စီ၏ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ရန် ပျက်ကွက်မှုသည် ခွင့်မလွှတ်နိုင်စရာဖြစ်နိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမှ ပြောကြားခဲ့ပြီး မဲရလဒ်များကိုထုတ်ပြန်ကြေညာ ခဲ့ပါသည်။
အီရန်နိုင်ငံနှင့် သဘောတူညီချက်တွင် လက်မှတ်ရေးထိုးခဲ့သော ပြင်သစ်၊ အင်္ဂလန်နိုင်ငံ၊ တရုတ်နှင့် ရုရှားနိုင်ငံတို့သည် သမာရိုးကျလက်နက်တင်ပို့ ရောင်းချမှု ပိတ်ပင်ရေး တိုးမြှင့်ခြင်းအပေါ် ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့သော်လည်း ၎င်းတို့၏ ဦးစားပေးမှာ ဘက်ပေါင်းစုံမှပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ကို ထိန်းသိမ်း ရန်ဖြစ်ပါသည်။
အမေရိကန်နိုင်ငံမှ ၂၀၁၈ ခုနှစ်တွင် သဘောတူညီမှုမှ နုတ်ထွက်ခဲ့သော်လည်း နျူကလီးယားသဘောတူညီချက်ရှိ ပြဋ္ဌာန်းချက်ကို အသုံးပြုပြီး အီရန်နိုင်ငံအပေါ် ကုလသမဂ္ဂမှ အရေးယူမှုများ ပြန်လည်အစပျိုးလာစေနိုင်ပါသည်။
လာမည့်နေ့များတွင် အမေရိကန်နိုင်ငံအနေဖြင့် လက်နက်ရောင်းချမှုပိတ်ပင် ခြင်းတိုးမြှင့်မှုအပေါ်ရပ်တန့်ရန် ဘာမှမလုပ်တော့ဘူးဆိုတဲ့ကတိကို အတိုင်းအတာ တစ်ခုအထိ လိုက်နာသွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်မှ ပြောကြားခဲ့ပါသည်။
အီရန်နိုင်ငံ၏ ကုလသမဂ္ဂသံအမတ်ကြီးမှ အမေရိကန်နိုင်ငံအနေဖြင့် ပိတ်ဆို့အရေးယူမှုများ ပြန်လည်စတင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ခြင်းမပြုရန် သတိပေးပြောကြားခဲ့ပါသည်။
၂၀၁၅ ခုနှစ် ဇူလိုင်လတွင် နျူးကလီးယားသဘောတူညီမှုကို အတည်ပြုခဲ့သည့် လုံခြုံရေးကောင်စီဆုံးဖြတ်ချက်၂၂၃၁ အရ အီရန်လက်နက်တင်ပို့မှုပိတ်ဆို့ခြင်းသည် အောက်တိုဘာ လ ၁၈ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပါသည်။
>>zawgyi<<

0 comments:

Post a Comment