Saturday, August 8, 2020

သိမ်ဇရပ်မြို့ မြသိန်းတန်ဘုရားဝင်းအတွင်း ဖြစ်ပေါ်နေသော မြေသားအက်ကွဲကြောင်းများကို ပညာရှင်များဖြင့် အမြန်းဆုံး ပြုပြင်မည်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ အမှတ် ၄ ရပ်ကွက် မြသိန်းတန်ဘုရားကုန်း နောင်တော်ကြီး စေတီအနီးတွင် ဖြစ်ပေါ်နေသော မြေသားအက်ကွဲကြောင်းများကို ကျွမ်းကျင်ပညာရှင်များဖြင့် စစ်ဆေးကာ အမြန်းဆုံးပြန်လည်ပြုပြင်မည်ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ မှသိရသည်။
အဆိုပါ မြေသားအက်ကြောင်းသည် အရှည်ပေ ၃၀၀ ကျော် ၊အကျယ် တစ်ပေခန့်ရှိကာ မိုးသည်းထန်စွာ ရွာသွန်းပါက ပြိုကျနိုင်ဖွယ်ရှိသည့်အတွက် တောင်ခြေရှိ လူနေအိမ်များကို လိုက်လံသတိပေးမူများ ဆောင်ရွက်ရန်နှင့် အက်ကွဲကြောင်းများကို ကျွမ်းကျင်ပညာရှင်များနှင့် စစ်ဆေးကာ အန္တရာယ်ရှိနေရာများကို အမြန်ဆုံး ပြန်လည်ပြုပြင်ဆောင်ရွက် ညွန်ကြားထားကြောင်းသိရသည်။
မြသိန်းတန်ဘုရားကုန်းသည် အမြင့် ပေ ၈၀ ခန့်ရှိပြီး မြေပြိုပါက တောင်ခြေရှိ အိမ်ခြေ ၇၀ ခန့် ၊လူဦးရေ ၂၀၀ ခန့် သဘာဝဘေးခံစားရနိုင်သည့်အတွက် တာဝန်ရှိသူများက မြေနေရာအစားပေးပြောင်းရွေ့ခိုင်းရန် စီစဉ်ထားကြောင်းသိရသည်။
Ref ; Pyi Myanmar

0 comments:

Post a Comment