Wednesday, August 19, 2020

သံဖြူဇရပ်တပ်နယ်မှအရာရှိ၊စစ်သည်များနဲ့ပရဟိတအဖွဲ့တွေပူးပေါင်းပြီးစုပေါင်းသွေးလှူဒါန်း

အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ သံဖြူဇရပ်တပ်နယ်မှအရာရှိ၊ စစ်သည်များနဲ့ပရဟိတအဖွဲ့တွေပူးပေါင်းပြီးစုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ ဩဂုတ်လ(၁၉)ရက်နေ့က မော်လမြိုင်အထွေထွေရောဂါကုဆေးရုံကြီးမှာကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။
အခုလိုစုပေါင်းသွေးလှူဒါန်းရတာဟာလက်ရှိဖြစ်ပေါ်နေတဲ့COVID-19ကာလတွင်ပြည်သူ့ဆေးရုံကြီးမှာဆေးကုသမှုခံယူနေတဲ့ပြည်သူတွေသွေးလိုအပ်ချက်ရှိပါက လွယ်လင့်တကူသွေးသွင်းနိုင်အောင်ဖြစ်သလိုဆေးကုသမှုအပိုင်းတွေမှာ သွေးလိုအပ်ချက်မှုမရှိစေရေးအတွက်လာရောက်လှူဒါန်းရတာဖြစ်တယ်လို့အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊သံဖြူဇရပ်တပ်နယ်မှူးဗိုလ်မှူးချုပ်ကျော်ကျော်ဦးကပြောပါတယ်။
လက်ရှိသွေးလှူဒါန်းမှုအနေဖြင့် သံဖြူဇရပ်တပ်နယ်မှအရာရှိ၊စစ်သည်(၄၅)ဦး၊ကြက်ခြေနီတပ်ဖွဲ့မှ(၄)ဦးနဲ့လူငယ်အာမာန်သွေးလှူအသင်းမှ(၁၄)ဦးတို့ကလှူဒါန်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။
Crd : Oo Kyaw BG'fb #Myanmar_Online_News

0 comments:

Post a Comment