Monday, August 10, 2020

ဝရမ်းပြေးအဖြစ် ကြေညာထားခြင်းခံရသော ဆရာတော် ဦးဝီရသူ၏ ရာဇဝတ်အထွေထွေအမှုပိတ်သိမ်း

ဆရာတော် ဦးဝီရသူကို ဝရမ်းပြေးအဖြစ်ကြေညာထားပြီးနောက် ဖမ်းဆီးရမိခြင်း မရှိသေးသည့် အမှုကို ဆက်လက်မစစ်ဆေးနိုင်သေးသောကြောင့် အမှုနှင့်ပတ်သက်ပြီး ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှ ဇူလိုင်လ ၁၆ ရက်နေ့က ရာဇဝတ်အထွေထွေအမှုကနေ ပိတ်ခဲ့ကြောင်း သိရသည်။
ဆရာတော် ဦးဝီရသူသည် အနောက်ပိုင်းခရိုင် တရားရုံးတွင် တရားရင်ဆိုင်ခြင်းမပြုဘဲ ထွက်ပြေးတိမ်းရှောင်နေခဲ့ကြောင်း၊ ဦးဝီရသူကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ နှင့် တရားရုံးများ လက်စွဲအပိုဒ် ၅၁၃ အရ အရေးယူဆောင်ရွက်ထားသည်။
‘‘ရာဇဝတ်အထွေထွေအမှု ပိတ်တယ်ဆိုတဲ့သဘောက တရားခံပြေးကို ဖမ်းမမိတော့ပါဘူးဆိုပြီး ရဲရဲ့အစီရင်ခံစာအရ ဒီအမှုကို ယာယီပိတ်သိမ်းထားတဲ့သဘောပါ။ သူ့ကို ဖမ်းလို့မိပြီဆိုတာနဲ့ အမှုက ပြန်အသက်ဝင်ပြီ ပြန်စစ်ဆေးပြီ။ အဓိက ကတော့ အဲဒီသဘောပါပဲ။ ဒီအမှုကို လုံးဝ ပိတ်သိမ်းလိုက်တာ မဟုတ်ဘူး။ သူဟာလည်း အခုချိန်ထိ တရားခံပြေး ဝရမ်းပြေးတစ် ယောက်ပဲ’’ဟု အဆိုပါအမှုပိတ်ရခြင်းနှင့် ပတ်သက်ပြီး တရားလွတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် ကပြောသည်။
ဦးဝီရသူကို ၂ဝ၁၉ ခုနှစ် မေလ ၅ ရက်နေ့က မဟာဗန္ဓုလ ပန်းခြံရှေ့တွင် ပြုလုပ်သည့် ဟော ပြောပွဲနှင့်ပတ်သက်ပြီး ပုဒ်မ ၁၂၄(က)ဖြင့် အရေးယူပေးရန် ရန်ကုန်တောင်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တရားလိုပြုလုပ်ပြီး ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ကြောင်း သိရသည်။
‘‘စွဲဆိုထားတဲ့ ပြစ်မှုတွေက ရဲအရေးပိုင်တဲ့ ပြစ်မှုတွေတော့ မဟုတ်ဘူး။ သို့သော်လည်း ကျင့် ထုံး ၈၇/၈၈ အရ တရားရုံးကနေ အတည်ပြုကြေညာထားတဲ့အတွက် ကြောင့် ဒီတရားခံပြေးတွေကို ရဲ တပ်ဖွဲ့ဝင်တွေအနေနဲ့ ဘယ်နေရာ ဘယ်အချိန်မှာပဲဖြစ်ဖြစ် တွေ့ရှိမယ် ဆိုရင် ဝရမ်းမပါဘဲ ဖမ်းဆီးနိုင်ပါ တယ်။ အခုလို လူမှုကွန်ရက်တွေ မှာ ပါတယ်ဆိုသော်လည်း လိုက်လံ အတည်ပြုတဲ့အခါမှာ တကယ်တမ်း အတည်ပြုဆောင်ရွက်နိုင်တဲ့ အခြေ အနေမရှိပါဘူး။ ဒါတွေကို တိတိ ကျကျ သက်ဆိုင်ရာရဲတပ်ဖွဲ့ကို သတင်းပေးလာမယ်ဆိုရင်တော့ အချိန်မရွေး ကျွန်တော်တို့ဘက်က နေ ဖမ်းဆီးဆောင်ရွက်ပြီးတော့ သက်ဆိုင်ရာတရားရုံးကို ပို့သွားမှာ ဖြစ်ပါတယ်။ အဲဒီအတွက် နေရာ တို့၊ အချိန်တို့ဆိုတာတော့ ပြည်သူ လူထုအနေနဲ့ သတင်းပေးမယ်ဆိုရင် ဘယ်ရဲစခန်းပဲဖြစ်ဖြစ် တိတိကျကျ သတင်းပေးဖို့လိုပါတယ်။ ဒီလူမှု ကွန်ရက်ပေါ်မှာ ပါနေတာန့ဲတော့ ဒီသတင်းက မှန်တယ်လို့ အတည် ပြုနိုင်ခြင်းမရှိဘူးဆိုတာ ဖြေကြား လိုပါတယ်’’ဟု ရဲမှူးကြီးကျော် လင်းကလည်းဖြေကြားခဲ့ဖူးသည်။
ဆရာတော် ဦးဝီရသူသည် ဝရမ်းပြေး အဖြစ် ကြေညာခြင်းခံရပြီးနောက် ထွက်ပြေးတိမ်းရှောင်နေစဉ်အတွင်း သူ၏ ကိုယ်ပိုင် လူမှုကွန်ရက် မှတစ်ဆင့် ရုပ်သံ ထုတ်လွင့်မှုများ ဆက်လက်ပြုလုပ်နေခဲ့ကြောင်း သိရသည်။
Crd : Weekly HeadLine

0 comments:

Post a Comment