Thursday, August 20, 2020

လူသုံးဆယ်ထက် မပိုသော အခမ်းအနား၊ ပွဲလမ်းသဘင်နှင့် သင်တန်းများ ပြုလုပ်မည်ဆိုပါက ခွင့်ပြုချက် တောင်းခံရမည်ဟုဆို

ကချင်ပြည်နယ်အတွင်းတွင် လူသုံးဆယ်ထက်မပိုသော အခမ်းအနား၊ ပွဲလမ်းသဘင်နှင့် သင်တန်းစသည့် ကိစ္စရပ်များဆောင်ရွက်မည်ဆိုပါက သက်ဆိုင်ရာ အစိုးရအဖွဲ့ထံခွင့်ပြုချက် ရယူရမည်ဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှ သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကိုဗစ်၁၉ ထိန်းချုပ်ကာကွယ်ရေးလမ်းစဉ်များတွင် ယခင်က လူငါး ဦးထက်ပိုမစုရန် တားမြစ် ကန့်သတ်ထားပြီး သြဂုတ်လ (၁၂)ရက်က ထုတ်ပြန်ခဲ့သည့် အမိန့်စာတွင် လူသုံး ဆယ်ဦးအထိ စုဝေးခွင့်ပေးထားသောကြောင့် ပြည်နယ်အစိုးရအနေဖြင့် ယခုကဲ့သို့ခွင့်ပြုရခြင်း ဖြစ် ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ ညွန်ကြားရေးမှူး ဦးဇော်ဇော်ကပြောသည်။
”ညွန်ကြားချက်အရ ဆိုရင်တော့ တချို့သင်တန်းတွေဖွင့်တာရှိတယ်။ ဒီလူသုံးဆယ်ထက်တော့ ပိုလို့မရဘူး ဘာသာရေးအခမ်းအနားတွေ လုပ်မယ်ဆိုရင် ခွင့်ပြုချက်တောင်းရမယ်။ ပြီးတော့ လက်ဆေးဘေစင်တွေ ထားရမယ် အပူတိုင်းတာတို့ ဆောင်ရွက်ထားရမယ်”ဟု ဦးဇော်ဇော်က ပြောသည်။
ထိုသို့ ခွင့်ပြုချက် ရယူရမည်ဆိုပါက နှစ်ပတ်ကြိုတင်ရမည် ဖြစ်ကြောင်း ဦးဇော်ဇော်က ဆက်လက်ပြောပြသည်။ ”တချို့ကြတော့ ဘုရားကျောင်းတွေ၊ ဘုန်းကြီး ကျောင်းတွေ၊ တရားစခန်းတွေပြန်ဖွင့်နေတယ် သိရတယ်။ အဲ့ဒါတွေကြတော့ ခွင့်မပြုသေးဘူး။ ဒါလည်း တရားဝင် ခွင့်ပြုချက်တွေယူရမယ်။ နှစ်ပတ်ကြိုတင်ရမယ်”ဟု ၎င်းကထည့်သွင်း ပြောဆိုခဲ့သည်။
ကိုဗစ် ၁၉ ထိန်းချုပ်ကာကွယ်ရေးလမ်းစဉ်တ်ရပ်အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ဧပြီလ ၁၆ ရက်နေ့တွင် လူ (၅)ဦးအထိဖြစ်စေ၊ လူငါးဦးအထက်ဖြစ်စေ စုဝေးခြင်း မပြုလုပ်ရန် အမိန့်ထုတ်ခဲ့ပြီး၊ ဇူလိုင်လ (၂၉)ရက်နေ့က စတင်၍ လူ(၁၅)ဦး အထက် စုဝေးခြင်း မပြုရန်ဖြေလျော့ခွင့် ပြုပေးခဲ့ခြင်း ဖြစ်သည်။
Ref ; People Media

0 comments:

Post a Comment