Tuesday, August 11, 2020

စက်ရုံကြိုပို့ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မှုကြောင့် အလုပ်သမား ၅ ဦးသေဆုံး၊ ၃၅ဦး ထိခိုက်ဒဏ်ရာရ

 

ရွှေပြည်သာမြို့နယ်၊ ရေစင်မှတ်တိုင်အနီးမှာ ဩဂုတ်လ (၁၀) ရက် ညပိုင်းက စက်ရုံကြိုပို့ယာဉ်နှစ်စီးမျက်နှာ ချင်းဆိုင် တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အလုပ်သမား ၅ ဦး သေဆုံးခဲ့ပြီး ၃ ဦးက စိုးရိမ်ရတဲ့ အနေအထားရှိတယ်လို့ သိရသည်။
အလုပ်သမားတွေ အလုပ်ဆင်းပြီး ဖယ်ရီနဲ့ အပြန်မှာ power Fashion အထည်ချုပ်စက်ရုံက ဖယ်ရီကြိုပို့ ယာဉ်မှန်လုံကားနဲ့ YFM အထည်ချုပ်စက်ရုံက ဖယ်ရီကြိုပို့ ဒိုင်နာကားတို့ မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့တယ်လို့ ကယ်ဆယ်ရေးသွားရောက်လုပ်ကိုင်ပေးခဲ့တဲ့ ရှင်သန်းခြင်းပရဟိတလူမှုကူညီရေးအသင်းက ကိုတေဇာအောင် ကပြောပါတယ်။
"ဖယ်ရီကား၂ စီးမှာ သေတာရော အကုန်အပါဆို ဆေးရုံရောက်တာ ၃၅ ယောက်၊ အဲ့ဒီမှာ ယောက်ျားလေး ၃ ယောက်ပါတယ်၊ ကျန်တာမိန်းကလေးတွေချည်း ၊ လက်ရှိအခြေအနေက ညကလူနာတွေကို ဆေးရုံပို့ပြီး ပြန်စုံစမ်းတော့ ၅ ယောက်ထွက်သွားပြီ။ မိန်းကလေး ၅ ယောက်ပါ။ ကျန်တဲ့ ၂ ယောက်ကလည်း စိုးရိမ်ရလို့ မြောက်ဥက္ကလာဆေးရုံကိုပို့လိုက်တယ် ။ နောက်စိုးရိမ်ရတဲ့ ၁ယောက်ကတော့ အင်းစိန်မှာပဲကုသပေးနေတယ်။ ကျန် ကျိုးတာ၊ပဲ့တာ လူနာတွေကို အင်းစိန်မှာပဲ ကုသပေးနေတယ်လို့ သိရတယ်။ ယာဉ်တိုက်မှုက၇ နာရီပတ်ချာလည်လောက်မှာဖြစ်နိုင်တယ်။ကျနော်တို့ဆီ သတင်းစဝင်တာ ၆ နာရီ ၄၅မိနစ်လောက်မှာဖြစ်တယ်။"လို့ ကိုတေဇာအောင်ကပြောပါတယ်။
လက်ရှိ စုံစမ်းသိရှိရတဲ့ သတင်းတွေအရတော့ အဲ့ဒီယာဉ်တိုက်မှုကြောင့် အမျိုးသမီး အလုပ်သမား ၅ ဦးသေဆုံးခဲ့ပြီး အမျိုးသမီး ၃ ဦးဟာလည်း စိုးရိမ်ရတဲ့အနေအထားရှိတယ်လို့ သိရပါတယ်။
"၅ ဦးသေဆုံးသွားပြီ။ စိုးရိမ်ရတဲ့ လူနာ ၃ ယောက်ထဲက အရမ်းစိုးရိမ်ရတဲ့ ၂ ယောက်ကိုတော့မြောက်ဥက္ကလာဆေးရုံကိုညတွင်းချင်း ပို့လိုက်တယ်သိရတယ်။"လို့ ရောင်ခြည်ဦးအလုပ် သမားများအဖွဲ့က ကိုနိုင်ဌေးလွင်ကပြောပါတယ်။
အဲ့ဒီယာဉ်တိုက်မှုကြောင့် သေဆုံးသူ အပါအဝင် အလုပ်သမား ၃၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူ ၊ စိုးရိမ်ရသူတွေအပြင် ကျန်တဲ့သူတွေမှာလည်း ကျိုး ၊ ပဲ့ တာတွေ ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
Ref ; Voice of Myanmar

0 comments:

Post a Comment