Friday, August 14, 2020

ပေါင်မြို့နယ်မှာ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များနှင့် စာသင်ကျောင်းများ ထိခိုက်ပျက်စီး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ဥတ္တံတားကျေးရွာမှာ သြဂုတ်လ ၁၄ ရက်နေ့ညပိုင်းက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးနဲ့စာသင်ကျောင်း ၁ ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ပေါင်မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရပါတယ်။
ဖြစ်စဥ်မှာ သြဂုတ်လ ၁၄ ရက်နေ့ ည ၉ နာရီခွဲအချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေးပြင်းတိုက်ခတ်မှုတွေကြောင့် ဥတ္တံတားကျေးရွာ အမှတ်(၁၁)ရပ်ကွက်ရှိ လူနေအိမ် ၇ လုံး၊ အမှတ်(၁၄)ရပ်ကွက်ရှိ လူနေအိမ် ၃ လုံးနဲ့ စာသင်ကျောင်း ၁ ကျောင်း၊ အမိုးလန်ပျက်စီးခဲ့သလို သစ်ပင်များကျိုးကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါဖြစ်စဉ်ကြောင့် လူတိရစ္ဆာန် ထိခိုက်တာတော့မရှိဘူးလို့ သိရပါတယ်။
လေပြင်းတိုက်ခတ်တာကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ထိခိုက်ပျက်စီးမှုတွေကို မီးသတ်တပ်ဖွဲ့ဝင်တွေ၊ လူမှုကူညီရေးအဖွဲ့တွေ၊ အနီးအနားနေပြည်သူတွေနဲ့ ဌာနဆိုင်ရာတွေမှ ပူးပေါင်းကူညီပေးခဲ့ကြောင်း သိရသည်။
လက်ရှိ ဖြစ်ပေါ်ခဲ့တဲ့ဖြစ်စဥ်နဲ့ အလားတူ သြဂုတ်လ ၁၀ ရက်နေ့ညတွင်လည်း လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပေါင်မြို့ ကဒါရပ်ကွက်နှင့်ပေါင်းရပ်ကွက်ရှိ နေအိမ်၂၁ လုံး အမိုးလန်ပျက်စီး၊ စျေးဆိုင်ခန်း၊ စပါးကျီ၊ ရုံးအဆောက်အဦး၊ ၈ လုံးခန့် အမိုးလန်ပျက်စီး၊ သစ်ပင်များ ပြိုလဲကျိုးကျခြင်းများဖြစ်ပေါ်ခဲ့သည့်အတွက် တန်ဖိုးကျပ်သိန်း ၃၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
crd-ရာမညတိုင်း(မ်) #Myanmar_Online_News
>>zawgyi<<
ပေါင်မြို့နယ်မှာ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များနှင့် စာသင်ကျောင်းများ ထိခိုက်ပျက်စီး
Saturday, August 15, 2020
မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ဥတ္တံတားကျေးရွာမှာ သြဂုတ်လ ၁၄ ရက်နေ့ညပိုင်းက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးနဲ့စာသင်ကျောင်း ၁ ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ပေါင်မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရပါတယ်။
ဖြစ်စဉ်မှာ သြဂုတ်လ ၁၄ ရက်နေ့ ည ၉ နာရီခွဲအချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေးပြင်းတိုက်ခတ်မှုတွေကြောင့် ဥတ္တံတားကျေးရွာ အမှတ်(၁၁)ရပ်ကွက်ရှိ လူနေအိမ် ၇ လုံး၊ အမှတ်(၁၄)ရပ်ကွက်ရှိ လူနေအိမ် ၃ လုံးနဲ့ စာသင်ကျောင်း ၁ ကျောင်း၊ အမိုးလန်ပျက်စီးခဲ့သလို သစ်ပင်များကျိုးကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါဖြစ်စဉ်ကြောင့် လူတိရစ္ဆာန် ထိခိုက်တာတော့မရှိဘူးလို့ သိရပါတယ်။
လေပြင်းတိုက်ခတ်တာကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ထိခိုက်ပျက်စီးမှုတွေကို မီးသတ်တပ်ဖွဲ့ဝင်တွေ၊ လူမှုကူညီရေးအဖွဲ့တွေ၊ အနီးအနားနေပြည်သူတွေနဲ့ ဌာနဆိုင်ရာတွေမှ ပူးပေါင်းကူညီပေးခဲ့ကြောင်း သိရသည်။
လက်ရှိ ဖြစ်ပေါ်ခဲ့တဲ့ဖြစ်စဉ်နဲ့ အလားတူ သြဂုတ်လ ၁၀ ရက်နေ့ညတွင်လည်း လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပေါင်မြို့ ကဒါရပ်ကွက်နှင့်ပေါင်းရပ်ကွက်ရှိ နေအိမ်၂၁ လုံး အမိုးလန်ပျက်စီး၊ စျေးဆိုင်ခန်း၊ စပါးကျီ၊ ရုံးအဆောက်အဦး၊ ၈ လုံးခန့် အမိုးလန်ပျက်စီး၊ သစ်ပင်များ ပြိုလဲကျိုးကျခြင်းများဖြစ်ပေါ်ခဲ့သည့်အတွက် တန်ဖိုးကျပ်သိန်း ၃၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
crd-ရာမညတိုင်း(မ်) #Myanmar_Online_News

0 comments:

Post a Comment