Sunday, August 9, 2020

ကျိုင်းတုံမြို့မှ ကညင်ဖြူပင်ကြီးကို နိုင်ငံတော်သမ္မတ ကြည့်ရှုလေ့လာ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သက်တမ်း၂၆၇ နှစ်သက်တမ်းရှိ ကညင်ဖြူပင်ကြီးကို ယနေ့ နေ့လယ်ပိုင်း ကလာရောက်ကြည့်ရှုလေ့လာခဲ့ပြီး သစ်ပင်ကြီး ရေရှည်တည်တံ့နိုင်အောင် စနစ်တကျဝိုင်းဝန်း ထိန်းသိမ်းကြရန် မှာကြားခဲ့ကြောင်း ရှမ်းပြည်နယ်သစ်တောဦးစီးဌာနက သိရသည်။
ယင်းကညင်ဖြူပင်ကြီးမှာ အလောင်းမင်းတရားလက်ထက်တော်အခါက ကျိုင်းတုံစော်ဘွားကြီးစိုက်ပျိုးခဲ့ သော ကျိုင်းတုံမြို့၊ သစ်တစ်ပင်တောင်ရှိ ကညင်ပင်ကြီးဖြစ်ပြီး သမိုင်း မှတ်တမ်းများအရ မြန်မာသက္ကရာဇ် ၁၁၁၅ ( ခရစ်သက္ကရာဇ် ၁၇၅၃) တွင်စိုက်ပျိုးခဲ့ သောကြောင့် သက်တမ်း အားဖြင့်၂၆၇ နှစ်ရှိပြီး အမြင့် ၂၁၈ ပေ၊ ရင်စို့လုံးပါတ် ၃၈ ပေ ၂လက်မ ရှိကြောင်း သိရသည်။
crd-Pyi Myanmar #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment