Friday, August 14, 2020

အခြေခံပညာအထက်တန်းကျောင်းပေါင်း ၃၀၀၀ ကျော် ဖွင့်လှစ်ရန် ကျန်ရှိနေသေးပြီး အလယ်တန်းကျောင်းများ စက်တင်ဘာလ စတင်ဖွင့်ပါကတစ်ပြိုင်နက်ထဲဖွင့်လှစ်ရန် စီစဉ်မည်

အခြေခံပညာအထက်တန်းကျောင်းပေါင်း ၃၀၀၀ ကျော် ဖွင့်လှစ်ရန် ကျန်ရှိနေသေးပြီး အလယ်တန်းကျောင်းများ စက်တင်ဘာလ စတင်ဖွင့်ပါကတစ်ပြိုင်နက်ထဲဖွင့်လှစ်ရန် စီစဉ်မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန ဒုတိညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပြောသည်။
“အခုကျောင်းတွေပြန်ဖွင့်ဖို့ ခေါင်းဆောင်စစ်ဆေးတာက ကျန်းမာရေးဌာနပဲ။သူတို့ကစစ်တယ် စစ်ပြီးတော့မှ Covidဗဟိုကော်မတီကိုတင်တယ်။covidဗဟိုကော်မတီက ကျောင်းပြန်ဖွင့်ဖို့ ခွင့်ပြုမှ ကျွန်တော်တို့ ပညာ ရေးဝန်ကြီးဌာန ကကျောင်းတွေဖွင့်ရတာဖြစ်ပါတယ်။ပညာရေးဝန်ကြီးဌာနရဲ့ ဆုံးဖြတ်ချက်လုံးဝမရှိဘူးဖြစ်ပါတယ်။အဲဒါကြောင့် ကျွန်တော်တို့က အခုထိလည်းပဲ အထက်တန်းအဆင့်ကျောင်းပေါင်းရ၁၇၃ကျောင်းရှိတဲ့အခါမှာ ဒီနေ့အထိအောင်၄၁၅၆ကျောင်းပဲဖွင့်ခွင့်ရှိပါသေးတယ်။ကျောင်းပေါင်း၃၀၀၀ကျော်ဖွင့်ဖို့ကျန်ပါသေးတယ်။အဲဒါကိုအမြန်ဆုံးဖွင့်လှစ်နိုင်ဖို့လည်း ကျန်းမာရေးဌာနကခွင့်ပြုချက်ရမှဖွင့်ရမှာဖြစ်ပါတယ်။အထက်တန်းကျောင်းပေါင်းအကုန်ဖွင့်ပြီးမှ အလယ်တန်းတွေကိုစစ်ပါမယ်။အခုဆိုရင် ဖွင့်တဲ့ကျောင်းကဖွင့်မဖွင့်တဲ့ကျောင်းကမဖွင့်တော့ ကျောင်းသားကျောင်းသူတွေထဲမှာ သင်ယူမှုမညီမမျှလေးတွေဖြစ်တာပေါ့။ဒီဟာကိုသင်ခန်းစာယူပြီး အလယ်တန်းကျောင်းတွေပြန်ဖွင့်တဲ့အခါတစ်ပြိုင်နက်ထဲဖွင့်နိုင်အောင်လုပ်မယ်လို့မျှော်မှန်းပါတယ်’’ဟု ၎င်းကပြောသည်။
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနလက်အောက်တွင် အခြေခံပညာကျောင်းပေါင်းလေးသောင်းကျော် ဆရာဆရာပေါင်းလေးသိန်းကျော်ရှိပြီး လက်ရှိတွင် အခြေခံပညာအထက်အတန်းအဆင့်ကျောင်းများကို အစိုးရသက်မှတ်သည် covid 19ကပ်ရောဂါကာကွယ်ရေးစည်းကမ်းအချက် ၈၀ကျော်နှင့်ကိုက်ညီမှသာဖွင့်လှစ်ခွင့်ပြုကြောင်းသိရသည်။
အဆင့်မြင့်ပညာဦးစီးဌာန အောက်ရှိ တက္ကသိုလ်ကျောင်းပေါင်းမှာ တစ်ရာကျော်ရှိပြီ းလတ်တလောတွင်ကျောင်းများဖွင့်လှစ်ခြင်းမပြုသေးဘဲ အွန်လိုင်းမှနေ၍ သင်ယူသင်ကြားမှုပြုလုပ်ရန် စီစဉ်ထားကြောင်းသိရသည်။

Ref ; People Media

0 comments:

Post a Comment