Wednesday, August 26, 2020

တရားမျှတမှုမရှိဘဲ တာဝန်ထမ်းဆောင်ရမှု၊ ပညာအရည်အချင်းတိုးမြှင့်မှု ထိန်ချန်ခံရမှုအပေါ် တရားမျှတမှု ရရှိရန် ရဲတပ်သားတစ်ဦးက မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ တိုင်ကြား

တရားမျှတမှုမရှိဘဲ တာဝန်ထမ်းဆောင်ရမှု၊ပညာအရည်အချင်းတိုးမြှင့်မှု ထိန်ချန်ခံရမှုအပေါ် တရားမျှတမှု ရရှိရန် ရဲတပ်သားအောင်စိုးဦးက မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ တိုင်ကြားလိုက်သည်။ အဆိုပါရဲတပ်သားသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ၂၀၁၆ ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီး ရခိုင်ပြည်နယ်၊ ကျောက် ဖြူမြို့အမှတ် ၃၂ ရဲတပ် ရင်းတွင် ၂၀၁၆ မှ ၂၀၁၈ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
၂၀၁၈ ခုနှစ် နောက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးရဲ တပ်ဖွဲ့၊ ကျောက်ထုံးကြီးရဲကင်းစခန်း တွင် ပြောင်းရွှေ့ခဲ့ပြီး ဇူလိုင် ၁ ရက်မှစတင်၍ ယနေ့အချိန်ထိ ကသာမြို့မရဲစခန်းသို့ တွဲဖက်တာဝန်ချထားခြင်းကို ခံရသည်ဟု ၎င်း၏ တိုင်ကြားစာတွင်ပါရှိသည်။
ထို့အပြင် ကျောက်ထုံးကြီးရဲကင်းစခန်းမှ သန္ဓေတပ်ဖွဲ့ဝင်ဖြစ်သော ၎င်းအား ကသာမြို့မစခန်းတွင် တွဲဘက်အဖြစ် တာဝန်ချထားပြီး ၎င်းအနေနှင့် မိသားစုများနှင့်ဝေးကွာသော ရခိုင်ပြည်နယ်တွင် တာဝန် ထမ်းဆောင်နေခဲ့ရပြီး ယခုအခါ မိဘ၊ မိသားစုဝင်များနှင့်နီးစပ်သည့် ကျောက်ထုံးကြီးရဲကင်းစခန်းတွင် တာဝန် ထမ်းဆောင်လိုကြောင်းနှင့် ထို့ကြောင့် တရားမျှတမှုမရှိဘဲ တာဝန်ထမ်းဆောင်နေရခြင်းသည် ၎င်း၏ အခွင့်အ ရေးများ ဆုံးရှုံးနစ်နာနေရသည်ဟု ဖော်ပြပါရှိသည်။
အလားတူပင် ၎င်း၏ကိုယ်ရေးဖိုင်တွဲအား ပညာအရည်အချင်းတိုးမြှင့်သတ်မှတ်ပေးရန်အတွက် ကိုယ်တိုင်ရေး လျှောက်လွှာနှင့် ဘွဲ့လက်မှတ်မိတ္တူကို ကသာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ တင်ပြခဲ့သည်။
ထိုသို့တင်ပြခဲ့သော် လည်း ယနေ့အချိန်ထိ ပညာအရည်အချင်းတိုးမြှင့်မှုအား ထိန်ချန်ထားခြင်းတို့ကြောင့် တာဝန်ရှိသူများအား အရေးယူပေးရန်နှင့် ၎င်းအားကျောက်ထုံးကြီးရဲကင်းစခန်းသို့ တာဝန်ချထားပေးရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာန ချုပ်သို့ တင်ပြတိုင်ကြားထားသည်။
Ref ; People Media

0 comments:

Post a Comment