Thursday, August 6, 2020

ထောင် ၃ လ ကျခံရသည့် ဒေးဗစ်လားနှင့် ဦးဝေထွန်းတို့ နှစ်ပတ်ပြည့်ပါက ပြန်လွတ်မည်

တရားဟောဆရာစောဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့ နှစ်ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀ (က)နဲ့ ထောင်ဒဏ် သုံးလ ကျခံစေဖို့ ဒီကနေ့ သြဂုတ် (၆) ရက်၊ မနက်ပိုင်းက မရမ်းကုန်းမြို့နယ်တရားရုံးကနေ အမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ်။
ဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့ကို မူလ စွဲချက်တင်ထားတဲ့ ပုဒ်မ ၂၅ အစား ပုဒ်မပြောင်းလဲပြီး အပြီးသတ် အမိန့်ချမှတ်ခဲ့တဲ့အတွက် ထောင်ထဲမှာ ချုပ်ရက် နှစ်ပတ်ကျခံပြီးရင် ပြန်လည်လွတ်မြောက်မှာ ဖြစ်တယ်လို့ ဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့ကို လာရောက်ဝန်းရံသူတွေက ပြောပါတယ်။
တရားဟော ဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့ကို မေလ (၂၀) ရက်က စတင်ပြီး ဖမ်းဆီးချုပ်နှောင်ထားတာ ဖြစ်ပါတယ်။ အခုအမှုမှာ တရားလိုဘက်က တင်ပြထားတဲ့ သက်သေ(၁၂)ဦး၊ တရားခံ နှစ်ဦးနဲ့ တရားခံပြ သက်သေ (၆) ဦးကို စစ်ဆေးခဲ့ပါတယ်။
အမှုကတော့ COVID-19 ကာလအတွင်း နိုင်ငံတော်က ချမှတ်ခဲ့တဲ့ လမ်းညွှန်ချက်ကို ဖောက်ဖျက်ကာ ဘာသာရေးပွဲ ပြုလုပ်ခဲ့တယ် ဆိုပြီး တရားဟောဆရာ ဒေးဗစ်လားနဲ့ နဝရတ်တေးသံသွင်းက ဦးဝေထွန်းတို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ ပြီးခဲ့တဲ့ ဇူလိုင် (၂) ရက်က မရမ်းကုန်းမြို့နယ် တရားရုံးက စွဲချက်တင်ထားတာပါ။
crd-One News Myanmar #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment