Friday, August 14, 2020

ပြည်ထောင်စု ဒီမိုကရေစီပါတီကို နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းကြောင်း ရွေးကောက်ပွဲ ကော်မရှင်ကြေညာ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွှတ်တော်မဲဆန္ဒနယ် အနည်းဆုံး ၃ နယ်အတွက် ကိုယ်စားလှယ်လောင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိသည့် ပြည်ထောင်စုဒီမိုကရေစီပါတီ (Union Democratic Party) ကို နိုင်ငံ‌ရေးပါတီအဖြစ်မှ ဖျက်သိမ်းလိုက်ကြောင်း သြဂုတ်လ ၁၃ ရက် ရက်စွဲဖြင့် ကြေညာလိုက်သည်။
ကြေညာချက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်မဲဆန္ဒနယ်များအနက် အနည်းဆုံး မဲဆန္ဒနယ် သုံးနယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုနိုင်သည့် ပြည် ထောင်စုဒီမိုကရေစီပါတီ (Union Democratic Party) ကို ၁၃-၈-၂၀၂၀ ရက်နေ့တွင် ကျင်းပသော ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် စုံညီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃၀/၂၀) ၏ ဆုံးဖြတ်ချက်အရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂(ခ) နှင့်အညီ နိုင်ငံရေးပါတီအဖြစ်မှ မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီကိုလည်း ဖျက်သိမ်းလိုက်ကြောင်း ပါရှိသည်။
ပြည်ထောင်စုဒီမိုကရေစီပါတီသည် ၂၀၀၈ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည့်ပါတီတစ်ခုဖြစ်ပြီး ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ထံတွင် ၂၀၁၀ ခုနှစ်က တရားဝင်ပါတီအဖြစ် မှတ်ပုံတင်ခဲ့ခြင်းဖြစ်သည်။ ပါတီတည် ထောင်ခဲ့သူမှာ ဦးဖြိုးမင်းသိမ်းဖြစ်ပြီး ၎င်းနုတ်ထွက်သွားသည့်အချိန်မှစ၍ ဦးသိန်းဌေးက ပါတီဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ယူခဲ့ခြင်းဖြစ်သည်။
Ref ; မောင်မောင်/ Myanmar Harp Media

0 comments:

Post a Comment