Tuesday, August 11, 2020

ဖေ့စ်ဘွတ်ခ်တွင် ခင်မင်ခဲ့သူက ရွှေထည်ပစ္စည်းများကို ခေတ္တဝတ်ဆင်လိုသည်ဟု ပြောပြီး ထွက်ပြေးသွားသည့်အမှုတွင် ကျူးလွန်သူကို ဖမ်းမိ

လူမှုကွန်ယက် ဖေ့စ်ဘွတ်အကောင့်တွင် ခင်မင်ခဲ့သူ အမျိုးသားက ရွှေထည် လက်ဝတ်ရတနာများကို ခေတ္တဝတ်ဆင်လိုသည်ဟု ပြောပြီး ထွက်ပြေးသွားသည့် အမှုက ကျူးလွန်သူကို ဖမ်းမိခဲ့ပြီ ဖြစ်ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး မှ သြဂုတ်လ ၁၁ ရက်တွင် သိရသည်။
ဒေါ်--------၊ ၄၉ နှစ်သည် ရန်ကုန်မြို့၊ အင်းစိန်ရှိတူမဖြစ်သူထံသို့အလည်ရောက်ရှိစဉ် လွန်ခဲ့သော နှစ်လခန့်က Facebook ၌ သိကျွမ်းရင်းနှီးခဲ့သူ ရွက်သစ် အကောင့် နှင့် Thu Rain အကောင့်ပိုင်ရှင် သူရိန်ထွန်းဆိုသူက ပဲခူးမြို့ပေါ်ရှိဘုရားများဖူးရန် လိုက်ပို့ပေးမည်ဟုဆိုကာ ယာဉ်အမှတ် အမျိုးအစား မမှတ်မိ ခဲရောင် Taxi ယာဉ်ဖြင့် လာရောက်ခေါ်ဆောင်ခဲ့သဖြင့် လိုက်ပါခဲ့ကြောင်း သိရသည်။
ထိုနေ့နံနက် ၁၁ နာရီအချိန်ခန့်တွင် ပဲခူးမြို့မှ ရန်ကုန်မြို့သို့ အမြန်လမ်းမကြီးအတိုင်း ပြန်လည်ထွက်ခွာလာစဉ် အမြန်လမ်းမကြီးမိုင်တိုင်အမှတ် (ဝ/၀) နှင့် (ဝ/၁) အကြားအရောက် သူရိန်ထွန်းမှ ကားအနားပေးဦးမည်ဟုဆိုကာ ကားရပ်နားပြီး ကားနောက်ခန်း၌ ၎င်းတို့ (၂) ဦး စကားထိုင်ပြောစဉ် သူရိန်ထွန်းမှ ဒေါ် -------- ဝတ်ဆင်ထားသည့် ရွှေထည်ပစ္စည်းများအား ခေတ္တဝတ်ဆင်လို၍ ခဏချွတ်ပေးရန်နှင့် ထမင်းစားပြီးက ပြန်ပေးပါမည်ဟုပြော၍ ခေတ္တချွတ်ပေးခဲ့ကာ ရွှေထည်ပစ္စည်းများ ချွတ်ပေးပြီးနောက်သူရိန်ထွန်းဆိုသူမှ ထမင်းစားသွားမည် ဖြစ်ကြောင်းနှင့် ကားရှေ့ခန်းသို့ ပြောင်းထိုင်ရန်ခေါ်သည့်အတွက် ကားရှေ့ခန်းသို့ ပြောင်းထိုင်ရန် ကားနောက်ခန်းမှ ဆင်းချိန် မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ချွတ်ပေးခဲ့သည့် ရွှေထည့်ပစ္စည်းနှင့် ကားပေါ်ပါသွားသည့် ပိုက်ဆံနှင့် ပစ္စည်းစာရင်းမှာ ကာလ တန်ဖိုး စုစုပေါင်း ကျပ် ၇၈ သိန်းဖိုးဖြစ်ပြီး သြဂုတ်လ ၃ ရက်ညပိုင်း ၆ နာရီ ၁၅ မိနစ်အချိန်တွင် အမြန်လမ်းမကြီးရဲတပ်ဖွဲ့၊ အမှတ်(၃)လမ်းဆုံအမြန်လမ်းမကြီးရဲစခန်း၌ အမှုဖွင့်လှစ်ခဲ့သည့်အတွက် ကျူးလွန်သူဖမ်းမိရေးဆောင်ရွက်ခဲ့ရာ ရွက်သစ် fb Acc နှင့် Thu Rain fb Acc ပိုင်ရှင် သူရိန်ထွန်းဆိုသူမှာ မြို့ပတ်လမ်း၊ ရွာမအနောက်ရပ်ကွက်၊ အင်းစိန်မြို့နယ်တွင် နေထိုင်သူ အသက် ၂၇ နှစ်အရွယ် ဇော်မျိုးလွင် ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပြီး သြဂုတ်လ ၈ ရက်တွင် ၎င်းကို ဖမ်းဆီးကာ သက်သေခံပစ္စည်းများ သိမ်းဆည်းခြင်းနှင့် တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Ref ; Pyi Myanmar

0 comments:

Post a Comment