Monday, August 17, 2020

ဆိုးလ်မြို့တွင် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှု ပြန်မြင့်တက်

တောင်ကိုရီးယားနိုင်ငံမှာမတ်လနောက်ပိုင်းကူးစက်မှုအများဆုံးအဖြစ်မနေ့ကဗိုင်းရပ်စ်ကူးစက်မှု အသစ် ၂၈၀ နီးပါးစစ်ဆေးတွေ့ရှိခဲ့ပါတယ်။အဲဒီအထဲကကူးစက်မှု၂၅၀ကျော်ဟာဆိုးလ်မြို့တော်ကဖြစ်တယ်လို့တောင်ကိုရီးယားရောဂါထိန်းချုပ်ရေးနဲ့တားဆီးကာကွယ်ရေး KCDC ကပြောပါတယ်။
ဆိုးလ်မြို့တော်မှာလူဦးရေ၂၆သန်းနေထိုင်ရာလူနေထူထပ်တဲ့ဒေသဖြစ်ပြီးဒီလိုနေရာတွေမှာဗိုင်းရပ်စ်ကူးစက်မှုအသစ်ဖြစ်ပွားမှာကိုစိုးရိမ်နေကြတာဖြစ်ပါတယ်။ဒီအတွက်အာဏာပိုင်တွေကဘုရာရှိခိုးကျောင်း၊စာသင်ကျောင်း၊စားသောက်ဆိုင်၊သက်ကြီးစောင့်ရှောက်ရေးစင်တာတွေနဲ့ဆက်စပ်တဲ့ကူးစက်မှုတွေကိုတိုက်ဖျက်နှိမ်နင်းဖို့ဆောင်ရွက်နေချိန်မှာပဲအခုလိုကူးစက်မှုအသစ်တွေတွေ့ရှိတာပါ။
အာဏာပိုင်တွေလူနေကျဲပါးတဲ့နိုင်ငံတောင်ပိုင်းဒေသမှာဗိုင်းရပ်စ်ကူးစက်မှုမဖြစ်ဖို့ကျန်းမာရေးဝန်ထမ်းနဲ့ဆေးဝါးပစ္စည်းတွေအပေါ်အဓိကအာရုံစိုက်ဆောင်ရွက်နေချိန်လည်းဖြစ်ပါတယ်။တခြားမြို့ကြီးတွေဖြစ်တဲ့ဘူဆန်နဲ့ပြီးခဲ့တဲ့ဖေဖော်ဝါရီနဲ့မတ်လအတွင်းဗိုင်းရပ်စ်ဗဟိုချက်ဖြစ်ခဲ့တဲ့ဒေဂူးမြို့တွေမှာလည်းကူးစက်မှုအသစ်တွေတွေ့ရှိခဲ့ရပါတယ်။လက်ရှိမှာတော့တောင်ကိုရီးယားမှာဗိုင်းရပ်စ်ကူးစက်သူစုစုပေါင်း ၁၅၀၀၀ ကျော်နဲ့သေဆုံးလူနာ၃၀၀ကျော်ရှိသွားပြီဖြစ်ပါတယ်။
Ref ; One News Myanmar

0 comments:

Post a Comment