Sunday, August 23, 2020

ဘားအံမြို့ အနိမ့်ပိုင်းတွေမှာ ရေကင်းချ စောင့်နေ

ဘားအံမြို့က သံလွင်မြစ်ရေဟာ စိုးရိမ်ရေမှတ်ထက်ကို ကျော်လွန်ရောက်ရှိနေပြီဖြစ်တဲ့အတွက် မြို့ရဲ့ အနိမ့်ပိုင်းနေရာတွေမှာ ရေဝင်ရောက်မှုတွေဖြစ်ပွားခဲ့ပါတယ်။
သံလွင်မြစ်ရေ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်ဟာ ၇၅၀ စင်တီမီတာဖြစ်ပါတယ်။
မနေ့ ညခြောက်နာရီခွဲအချိန်ကတော့ စိုးရိမ်ရေမှတ်ကို စတင်ကျော်လွန်ရောက်ရှိခဲ့တယ်လို့ ကရင်ပြည်နယ် မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားတာပါ။
ကရင်ပြည်နယ် မိုးဇလရဲ့ ဒီကနေ့မနက်ပိုင်း ၁၀ နာရီခွဲအချိန်က တိုင်းတာချက်အရ သံလွင်မြစ်ရေအမှတ်ဟာ ၇၉၁ စင်တီမီတာရှိတယ်လို့ သိရပါတယ်။
သံလွင်မြစ်ရေဟာ ဆက်လက်တက်ဖို့ရှိနေတာကြောင့် မြစ်ကမ်းနံဘေးနဲ့ အနိမ့်ပိုင်းက နေထိုင်သူတွေအနေနဲ့ အထူးသတိပြုကြဖို့ ကရင်ပြည်နယ်မိုးဇလက သတိပေးထားပါတယ်။
ရေဝင်ရောက်မှုဖြစ်နေတဲ့ ဘားအံမြို့က အနိမ့်ပိုင်းကနေရာတွေမှာ မီးသတ်တပ်ဖွဲ့တွေက ရေကင်းချထားလျက်ရှိပြီး လိုက်လံစောင့်ကြည့်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Ref ; 7Day TV

0 comments:

Post a Comment