Monday, August 10, 2020

စစ်လက်နက်၊ စစ်ပစ္စည်းတချို့ တင်သွင်းခွင့် ၂၀၂၅ ခုနှစ်အထိ အိန္ဒိယ ပိတ်ပင်

ကမ္ဘာပေါ်မှာ လက်နက်အများဆုံး တင်သွင်းတဲ့ နိုင်ငံတွေထဲက တနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ စစ်လက်နက်နဲ့ အခြား စစ်သုံးပစ္စည်းကိရိယာပေါင်း ၁၀၀ ကျော်ကို နိုင်ငံခြားကနေ တင်သွင်းခွင့် ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။
ဒီ လက်နက်တင်သွင်းခွင့် ပိတ်ပင်မှုကို လာမယ့် ဒီဇင်ဘာမှာ စတင်မှာဖြစ်ပြီး တဆင့်ချင်း တိုးမြှင့် အကောင်အထည်ဖော်ကာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ အိန္ဒိယအရာရှိတွေက ဆိုပါတယ်။
ဒီအရာရှိတွေကပဲ ခုလို ဆုံးဖြတ်ရတာက နိုင်ငံတွင်း ကာကွယ်ရေးပစ္စည်းတွေ ထုတ်လုပ်မှုကို အားပေးသွားဖို့ ပြင်ဆင်လိုက်တာဖြစ်ပြီး ဒီတင်သွင်းခွင့် ပိတ်ပင်တဲ့ လက်နက်တွေထဲမှာ လက်နက်ကြီးတွေ၊ ကျည်ဆန်တွေ၊ မောင်းပြန်ရိုင်ဖယ်တွေ၊ သယ်ယူပို့ဆောင်ရေး လေယာဉ်တွေနဲ့ အသေးစား တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ ပါပါတယ်။
ကာကွယ်ရေးဝန်ကြီး Rajnath Singh က ခုလို ဆုံးဖြတ်လိုက်တာက ကာကွယ်ရေးကိစ္စမှာ ကိုယ့်ကိုယ်ကိုယ် ရပ်တည်နိုင်ရေးအတွက် ခြေလှမ်းကြီးကြီး လှမ်းလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
>>Zawgyi<<
စစ်လက်နက်၊ စစ်ပစ္စည်းတချို့ တင်သွင်းခွင့် ၂၀၂၅ ခုနှစ်အထိ အိန္ဒိယ ပိတ်ပင်
Monday, August 10, 2020
ကမ္ဘာပေါ်မှာ လက်နက်အများဆုံး တင်သွင်းတဲ့ နိုင်ငံတွေထဲက တနိုင်ငံ ဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ စစ်လက်နက်နဲ့ အခြား စစ်သုံးပစ္စည်းကိရိယာပေါင်း ၁၀၀ ကျော်ကို နိုင်ငံခြားကနေ တင်သွင်းခွင့် ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။
ဒီ လက်နက်တင်သွင်းခွင့် ပိတ်ပင်မှုကို လာမယ့် ဒီဇင်ဘာမှာ စတင်မှာဖြစ်ပြီး တဆင့်ချင်း တိုးမြှင့် အကောင်အထည်ဖော်ကာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ အိန္ဒိယအရာရှိတွေက ဆိုပါတယ်။
ဒီအရာရှိတွေကပဲ ခုလို ဆုံးဖြတ်ရတာက နိုင်ငံတွင်း ကာကွယ်ရေးပစ္စည်းတွေ ထုတ်လုပ်မှုကို အားပေးသွားဖို့ ပြင်ဆင်လိုက်တာဖြစ်ပြီး ဒီတင်သွင်းခွင့် ပိတ်ပင်တဲ့ လက်နက်တွေထဲမှာ လက်နက်ကြီးတွေ၊ ကျည်ဆန်တွေ၊ မောင်းပြန်ရိုင်ဖယ်တွေ၊ သယ်ယူပို့ဆောင်ရေး လေယာဉ်တွေနဲ့ အသေးစား တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ ပါပါတယ်။
ကာကွယ်ရေးဝန်ကြီး Rajnath Singh က ခုလို ဆုံးဖြတ်လိုက်တာက ကာကွယ်ရေးကိစ္စမှာ ကိုယ့်ကိုယ်ကိုယ် ရပ်တည်နိုင်ရေးအတွက် ခြေလှမ်းကြီးကြီး လှမ်းလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

0 comments:

Post a Comment