Thursday, August 13, 2020

ကန် ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုးဘိုင်ဒင်က ဒုတိယသမ္မတအဖြစ် လူမည်း အမျိုးသမီးလွှတ်တော်အမတ် ကာမာလာဟာရစ်ကို ရွေးချယ်

အမေရိကန် သမ္မတ ရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုးဘိုင်ဒင်က ဒုတိယသမ္မတအဖြစ် လူမည်းအမျိုးသမီးတစ်ဦးဖြစ်သည့် အမျိုးသမီးလွှတ်တော်အမတ် ကာမာလာဟာရစ်ကို ရွေးချယ်လိုက်ပြီး ရီပတ်ဘရီကန်သမ္မတ ဒေါ်နယ်ထရမ့်အား ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် လများအတွင်း လူမျိုးရေးခွဲခြားမှု ဆန့်ကျင်သည့် ဆန္ဒပြမှုများ ဖြစ်ပွားထားခြင်းနှင့်အတူ ဂျိုးဘိုင်ဒင်အနေဖြင့် ၎င်း၏ ရွေးကောက်ပွဲ မိတ်ဖက်အဖြစ် လူမည်းအမျိုးသမီးတစ်ဦးအား ရွေးချယ်ရန် ဖိအားများနှင့် ရင်ဆိုင်လာရခြင်း ဖြစ်သည်။
အသက် ၅၅ ကာမာလာဟာရစ်သည် ကယ်လီဖိုးနီးယားပြည်နယ် လွှတ်တော်အမတ်တစ်ဦးဖြစ်ပြီး ယခုကဲ့သို့ ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံရမှုတွင် ပထမဆုံး အာရှ-အမေရိကန်တစ်ဦးပဲ ဖြစ်သည်။
ဒုတိယသမ္မတလောင်း ကာမာလာဟာရစ်က လူမျိုးရေးခွဲခြား နှိမ့်ချမှုကင်းသည့် ခေါင်းဆောင်မှုတစ်ရပ်ကို အမေရိကန်ပြည်သူများ လိုလားနေကြကြောင်း ဒီမိုကရက်တစ် ဒုတိယသမ္မတလောင်း ရွေးကောက်ခံအမတ် ကာမာလာဟာရစ် ကပြောကြားလိုက်ပါသည်။
ဟာရစ် အနေနှင့် ဒီမိုကရက်တစ်၏ ရွေးကောက်ခံ ဒုတိယသမ္မတလောင်းအဖြစ် ရွေးချယ်ခံခဲ့ရပြီးနောက် ဒုတိယသမ္မတဟောင်း တစ်ဦးဖြစ်သူ ဒီမိုကရက်တစ် ရွေးကောက်ခံ သမ္မတလောင်း ဂျိုးဘိုင်ဒန်နှင့်အတူ ပထမဆုံးအကြိမ်အဖြစ် အများပြည်သူ ရှေ့မှောက်တွင် ယခုကဲ့သို့ ပြောကြားလိုက်တာ ဖြစ်ပါသည်။

0 comments:

Post a Comment