Saturday, August 8, 2020

ရှမ်းမြောက်သီပေါမြို့နယ်အတွင်း ပြည်ထောင်စုလမ်းပေါ် ကုန်ကားတွေကို လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုမှ ဆက်ကြေးကောက်

ယခုသြဂုတ်လအစတွင် ရှမ်းပြည်မြောက်ပိုင်းပြည်ထောင်စုလမ်းပေါ်တွင် SSPP(999) တပ်မဟာအဖွဲ့မှ သီပေါမြို့နယ်စဥ့်အင်နှင့်စံလောင်းကျွန်းတောကြားတွင် ကုန်ကားသမားတွေကို ကားလေးဖြင့်အရပ်ဝတ်နှင့်ဆက် ကြေးလိုက်ကောက်နေတယ်လို့ကြားသိရပါတယ်။
တွဲကားတစ်စီးလျင်၁၂သိန်းကျပ်ပေးဆောင်ရတယ်လို့ ရှမ်းပြည်မြောက်ပိုင်းတွင်သွားလာနေသော ကားဆရာတစ်ယောက်ကပြောပြပါတယ်..
#အဓိကပြောချင်တာက တိုင်းပြည်စီးပွါးရေးကျပ်တည်းနေချိန် ပြည်သူတွေအလုပ်အကိုင်ရှားပါးပြီး ဒုက္ခ ရောက်နေကြတယ်ဆိုတာလူတိုင်းသိပါတယ် ငွေ၁၂သိန်းကောက်တယ်ဆိုတာမများလွန်းဘူးလားဗျာ.. ပြည်နယ်ပြည်မလူမျိုးရေးမခွဲခြားဘဲ လူသားခြင်းစာနာစိတ်လေးထားကြပါဗျ..
#ကားအုံနာတွေလည်း ကိုက်လွန်းလို့ပြေးနေကြတာမဟုတ်ဘူးဗျ ယဥ်မောင်းတစ်ယောက်ရဲ့နောက်ကွယ်မှာမိသားစုတွေရှိပါတယ်..အုံနာကဆက်ကြေးပေးရတာများလို့ကားရပ်ထားရင် ကားသမားကဘာလုပ်စားရမှာလည်း ကားဆရာတွေဆိုတာသူတို့ရဲ့အသက်တွေကိုသရနဂုံတင်ထားရတာ ဘာမှမဖြစ်ဘဲချောချောမောမော အိမ်ပြန်ရောက်မှသူတို့မိသားစုက သက်ပြင်းချနိူင်တာပါ..
#အချုပ်ကိုပြောရရင် ဘဏ်တွေဆက်ကြေးကောက်တဲ့ကိစ္စမှာ သူတို့လိုအပ်ရင်ဗဟိုကနေတိုက်ရိုက် အကူအ ညီတောင်းခံပါမယ်လို့ ဖြေကြားထားတာသိရပါတယ်..#ယခုကုန်ကားတွေကို ဆက်ကြေးကောက်တဲ့ကိစ္စ ဘယ်လိုအရေးယူဖြေရှင်းပေးမှာလည်းဆိုတာ သိချင်ပါတယ်။
Ref ; Lashio Media

0 comments:

Post a Comment