Monday, August 17, 2020

ကနေဒါနိုင်ငံအစိုးရဌာနများ၏ ဆိုရှယ်မီဒီယာအကောင့် ထောင်ပေါင်းများစွာ ဆိုက်ဘာတိုက်ခိုက်ခံရ

ကနေဒါအစိုးရ၏ အွန်လိုင်းဆိုင်ရာလုပ်ငန်းများဆောင်ရွက်နေသော ဆိုရှယ်မီဒီယာ အကောင့်များမှာ ဆိုက်ဘာတိုက်ခိုက်မှုခံရကြောင်း တာဝန်ရှိသူများကပြောကြားသည်။ အစိုးရဌာန ၃၀ နှင့် အခွန်အေဂျင်စီတို့မှအသုံးပြုနေသော ကွန်ပျူတာကွန်ရက်ဖြစ်သည့် GC Key service ကို ဆိုက်ဘာတိုက်ခိုက်မှု ခံခဲ့ရခြင်းဖြစ်ကြောင်း ကနေဒါငွေကြေးဘုတ်အဖွဲ့မှ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ယင်းဆိုက်ဘာတိုက်ခိုက်မှုမှ GC Key service ၏ သုံးစွဲသူ အမည်ဖြင့် အစိုးရ၏ လုပ်ငန်းများကို ဝင်ရောက်အသုံးပြုခဲ့ခြင်းဖြစ် ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
အဆိုပါ ကွန်ပျူတာကွန်ရက်မှ ဆိုက်ဘာတိုက်ခိုက်သူများ အသုံးပြုခဲ့သော ဆိုရှယ်မီဒီယာ အကောင့်များကို ပယ်ဖျက်ခဲ့ကြောင်း သိရသည်။ ယခုတိုက်ခိုက်မှုများတွင် ကနေဒါအခွန်ဌာနမှ ဆိုရှယ်မီဒီယာ အကောင့် ၅၅၀ဝ တိုက်ခိုက်ခံရပြီး ထိုတိုက်ခိုက်ခံရသော အကောင့်များ၏ သုံးစွဲခွင့်ကို အခွန်ပေးဆောင်သူများ၏ အချက်အလက်များ ပျံ့နှံ့သွားမည်ကို ထိန်းသိမ်းသည့်အနေဖြင့် ရပ်ဆိုင်းထားကြောင်း သိရသည်။
အစိုးရတာဝန်ရှိသူများက ယခု ဆိုက်ဘာတိုက်ခိုက်မှုတွင် ပုဂ္ဂိုလ်ရေးအချက်အလက်များကို ချိုးဖောက်ရယူခြင်းရှိ၊ မရှိနှင့် ယင်းဆိုရှယ်မီဒီယာ အကောင့်များ၏ အချက်အလက်များကို မည်ကဲ့သို့ ရယူသွားခဲ့သည်ကို သိရှိနိုင်ရန် စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။ ကနေဒါ ဗဟိုဘဏ်၏ ပြောကြားချက်အရ ဩဂုတ်လအစပိုင်းမှစတင်ပြီး ကနေဒါအခွန်ဌာနနှင့် ချိတ်ဆက်ထားသော မိမိတို့၏ဘဏ်စာရင်းဆိုင်ရာ အ ချက်အလက်များ ပြောင်းလဲသွားကြောင်း ကနေဒါနိုင်ငံသားများက အသိပေးချက်ကို ရရှိခဲ့သည်ဟု တာဝန် ရှိသူများက ပြောကြားသည်။
Ref ; AFP / MDN

0 comments:

Post a Comment