Tuesday, August 11, 2020

နယူးဇီလန်နိုင်ငံ၌ ကိုဗစ်ကင်းစင်ကြောင်း ကြေညာခဲ့ပြီးနောက် ကူးစက်မှုအသစ်တွေ့ရှိ၍ အသွားအလာကန့်သတ်မှုများ ဆောင်ရွက်

နယူးဇီလန်နိုင်ငံအတွင်း ရက်ပေါင်း ၁၀၂ ရက်အကြာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၄ ဦး ထပ်မံတွေ့ရှိပြီးနောက် အသွားအလာကန့်သတ်မှုများဆောင်ရွက်ရန် ဝန်ကြီးချုပ် ဂျင်စင်ဒါအာဒန်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။
နယူးဇီလန်နိုင်ငံ၏ အကြီးဆုံးမြို့တော်ဖြစ်သော အော့ကလန်တွင် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ သတိပေးချက်အဆင့် (၃)အထိ သတ်မှတ်ထားပြီး နိုင်ငံတစ်ဝန်းရှိ အခြားဒေသများတွင် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ သတိပေးချက် အဆင့် (၂)အဖြစ် သတ်မှတ်ထားသည်။
အော့ကလန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် ဆိုင်ရာ သတိပေးချက်ကို စတင် သတ်မှတ်မည်ဖြစ်သည်။ ဝန်ကြီးချုပ် ဂျင်စင်ဒါ အာဒန်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ လေးဦး၏ ကူးစက်မှု အကြောင်းအရင်းကို မသိရှိရသေး ကြောင်း ပြောကြားသည်။
နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကင်းစင်ကြောင်း ကြေညာခဲ့ပြီးနောက် ယခုကဲ့သို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထပ်မံဖြစ်ပွားခြင်းဖြစ်သည်။ နယူး ဇီလန်နိုင်ငံတောင်ပိုင်းရှိ မိသားစုဝင် ခြောက်ဦးရှိသည့် မိသားစုတစ်စုတွင် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့ကြောင်း နယူးဇီလန် ကျန်းမာရေးဌာန ညွှန်ကြား ရေးမှူးချုပ် အက်ရှလေဘလွန်းဖီးက ပြောကြားသည်။
အဆိုပါမိသားစုမှ မိသားစုဝင် သုံးဦးတွင် ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိခဲ့ပြီး အခြားသုံးဦးတွင် ရောဂါပိုး မတွေ့ရှိခဲ့ကြောင်း ၊ ထိုမိသားစုနှင့် နီးကပ်စွာ နေထိုင်ခဲ့သူများအား ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
crd-The Mirror Daily #Myanmar_Online_News
>>Zawgyi<<
နယူးဇီလန်နိုင်ငံ၌ ကိုဗစ်ကင်းစင်ကြောင်း ကြေညာခဲ့ပြီးနောက် ကူးစက်မှုအသစ်တွေ့ရှိ၍ အသွားအလာကန့်သတ်မှုများ ဆောင်ရွက်
Wednesday, August 12, 2020
နယူးဇီလန်နိုင်ငံအတွင်း ရက်ပေါင်း ၁၀၂ ရက် အကြာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၄ ဦး ထပ်မံတွေ့ရှိပြီးနောက် အသွားအလာကန့်သတ်မှုများ ဆောင်ရွက်ရန် ဝန်ကြီးချုပ် ဂျင်စင်ဒါအာဒန်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။
နယူးဇီလန်နိုင်ငံ၏ အကြီးဆုံးမြို့တော် ဖြစ်သော အော့ကလန်တွင် ကိုရိုနာ ဗိုင်းရပ်စ်ဆိုင်ရာ သတိပေးချက်အဆင့် (၃) အထိ သတ်မှတ်ထားပြီး နိုင်ငံ တစ်ဝန်းရှိ အခြားဒေသများတွင် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ သတိပေးချက် အဆင့် (၂)အဖြစ် သတ်မှတ်ထားသည်။
အော့ကလန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် ဆိုင်ရာ သတိပေးချက်ကို စတင် သတ်မှတ်မည်ဖြစ်သည်။ ဝန်ကြီးချုပ် ဂျင်စင်ဒါ အာဒန်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ လေးဦး၏ ကူးစက်မှု အကြောင်းအရင်းကို မသိရှိရသေး ကြောင်း ပြောကြားသည်။
နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကင်းစင်ကြောင်း ကြေညာခဲ့ပြီးနောက် ယခုကဲ့သို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထပ်မံဖြစ်ပွားခြင်းဖြစ်သည်။ နယူး ဇီလန်နိုင်ငံတောင်ပိုင်းရှိ မိသားစုဝင် ခြောက်ဦးရှိသည့် မိသားစုတစ်စုတွင် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့ကြောင်း နယူးဇီလန် ကျန်းမာရေးဌာန ညွှန်ကြား ရေးမှူးချုပ် အက်ရှလေဘလွန်းဖီးက ပြောကြားသည်။
အဆိုပါမိသားစုမှ မိသားစုဝင် သုံးဦးတွင် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့ပြီး အခြားသုံးဦးတွင် ရောဂါပိုး မတွေ့ရှိခဲ့ကြောင်း ၊ ထိုမိသားစုနှင့် နီးကပ်စွာ နေထိုင်ခဲ့ သူများအား ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
crd-The Mirror Daily #Myanmar_Online_News

0 comments:

Post a Comment