Saturday, August 22, 2020

သမ္မတကြီး(ငြိမ်း) ဦးသိန်းစိန်၏ ရွှေပြည်တော်သို့ဆုံမှတ် ပရဟိအသင်းမှ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ရေလွှမ်းဒဏ်ပါ ခံနေရသောဒေသများသို့ ဆန်အိတ်များ ထောက်ပံ့လှူဒါန်း


နိုင်ငံတော်သမ္မတကြီး(ငြိမ်း) ဦးသိန်းစိန် + ဇနီး ဒေါ်ခင်ခင်ဝင်းတို့အား အမှူးထားလျက် ထူထောင်ထားတဲ့ "ရွှေပြည်တော်သို့ဆုံမှတ် ပရဟိအသင်း" ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း စားဝတ်နေရေး အခက်အခဲရှိနေတဲ့ ပြည်သူများကို တစ်ချောင်းချင်း ပေါင်းစည်းတဲ့ ပရဟိတ လက်များရဲ့အင်အားနဲ့ ကူညီ ထောက်ပံ့လျက်ရှိနေပါတယ်။
ယနေ့ ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်ထဲက ကျိန္တလီ ၊ ချောင်းဂွ၊ ဥတို၊ အင်းကုန်း၊ ဝဲဒေါင့် ကျေးရွာများဆီသို့ သွားရောက်ပြီး တစ်အိမ်ထောင်လျှင် ဆန် (၆) ပြည်နှုန်းနဲ့ အိမ်ထောင်စုပေါင်း (၃၂၀) ကို ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။
ဒီအလှူကိုတော့ နိုင်ငံတော်သမ္မတကြီး(ငြိမ်း) ဦးသိန်းစိန် + မေမေကြီးဒေါ်ခင်ခင်ဝင်းနဲ့ သားသမီးမြေးတစ်စုတို့က လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။
ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းရဲ့ ပရဟိတ ပုလဲပန်းများ ဆက်လက်ပွင့်လန်းနိုင်ဖို့ မိမိရဲ့ တစ်ချောင်းသောလက်ကို ကမ်းလျက်လှူဒါန်းလိုပါလျှင်
ဦးအောင်ပိုင်မင်း
အတွင်းရေးမှူး ဖုန်း -၀၉၄၂၀၇၂၂၂၂၂ သို့လည်းကောင်း၊
အသင်းရဲ့ ဦးဆောင်ကော်မတီဝင်များထံ ဆက်သွယ်၍လည်းကောင်း လှူဒါန်းနိုင်ပါကြောင်း ပရဟိတအကျိုးတော်ဆောင်များက တင်ပြလိုက်ပါတယ်။













Crd : ရွှေပြည်တော်သို့ဆုံမှတ် #Aung_Paing_Min
#Myanmar-Online-News

0 comments:

Post a Comment