Monday, August 24, 2020

ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံခန့် တန်ဖိုးရှိမူးယစ်ဆေးဝါးများဖမ်းဆီးရမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ဝမ်တာပုံပူးပေါင်းစစ်ဆေးရေးဂိတ်ရှိ လုံခြုံ‌ရေးတပ်ဖွဲ့ဝင်များသည် ဖြတ်သန်းသွားလာလျက်ရှိသည့် ယာဉ်များအား စစ်ဆေးနေစဉ် ယမန်နေ့နံနက် ၁၁ နာရီခန့်တွင် မိုင်းခတ်မြို့မှ ကျိုင်းတုံမြို့ဘက်သို့ စိုင်းမြအောင် ၃၁ နှစ် မိုင်းယန်းမြို့၊ ဈေးတန်းရပ်ကွက်နေသူ မောင်းနှင်လာသည့် IPSUM အမျိုးအစား အဖြူရောင်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ဖုံးအတွင်းဝှက်၍သယ်ဆောင်လာသည့် အိုက်စ် ၁ ကီလိုဂရမ်ခန့်ပါ အထုပ် ၄၀ ၊ စုစုပေါင်း ၄၀ ကီလိုဂရမ်ခန့်၊ ကာလတန်ဖိုး ငွေကျပ် ၁ ဘီလီယံခန့်အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး အဆိုပါ စိုင်းမြအောင်၊ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများနှင့် မော်တော်ယဉ်အား သက်ဆိုင်ရာသို့စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်းသတင်းရရှိသည်။
>>zawgyi<<
ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံခန့် တန်ဖိုးရှိမူးယစ်ဆေးဝါးများဖမ်းဆီးရမိ
Monday, August 24, 2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ဝမ်တာပုံပူးပေါင်းစစ်ဆေးရေးဂိတ်ရှိ လုံခြုံ‌ရေးတပ်ဖွဲ့ဝင်များသည် ဖြတ်သန်းသွားလာလျက်ရှိသည့် ယာဉ်များအား စစ်ဆေးနေစဉ် ယမန်နေ့နံနက် ၁၁ နာရီခန့်တွင် မိုင်းခတ်မြို့မှ ကျိုင်းတုံမြို့ဘက်သို့ စိုင်းမြအောင် ၃၁ နှစ် မိုင်းယန်းမြို့၊ ဈေးတန်းရပ်ကွက်နေသူ မောင်းနှင်လာသည့် IPSUM အမျိုးအစား အဖြူရောင်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ဖုံးအတွင်းဝှက်၍သယ်ဆောင်လာသည့် အိုက်စ် ၁ ကီလိုဂရမ်ခန့်ပါ အထုပ် ၄၀ ၊ စုစုပေါင်း ၄၀ ကီလို ဂရမ်ခန့်၊ ကာလတန်ဖိုး ငွေကျပ် ၁ ဘီလီယံခန့်အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး အဆိုပါ စိုင်းမြအောင်၊ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများနှင့် မော်တော်ယဉ်အား သက်ဆိုင်ရာသို့စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်းသတင်းရရှိသည်။

0 comments:

Post a Comment