Friday, August 21, 2020

နယူးဒေလီရဲ့ လူဦးရေ လေးပုံတစ်ကျော်လောက်ဟာ ရောဂါလက္ခဏာမပြဘဲ ကိုရိုနာဗိုင်းရပ်စ် ရှိနေသူတွေဖြစ်နေနိုင်တယ်လို့ လေ့လာမှုတစ်ခုမှာ ဖော်ပြ

အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီရဲ့ လူဦးရေ သန်း ၂၀ အနက် လေးပုံတစ်ကျော်လောက်အထိဟာ ရောဂါလက္ခဏာမပြဘဲ ကိုရိုနာဗိုင်းရပ်စ် ရှိနေသူတွေဖြစ်နေနိုင်တယ်လို့ကြာသပတေးနေ့က လေ့လာမှုတစ်ခုမှာ ဖော်ပြခဲ့ပြီး အိန္ဒိယရဲ့ ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုဆိုင်ရာ တရားဝင် ကိန်းဂဏန်းအချက်အလက်တွေအပေါ် သံသယသစ်တွေ ထပ်မြင့်လာခဲ့ပါတယ်။
မြို့ခံ ၁၅၀၀၀ ရဲ့ ပဋိပစ္စည်းလေ့လာချက်တွေအပေါ် တွက်ချက်ခန့်မှန်းမှုအရ များမြောင်ရှုပ်ထွေးလှတဲ့ မြို့တော်ရဲ့ လူဦးရေ ၅.၈ သန်းလောက်အထိဟာ ဗိုင်းရပ်စ် ကူးစက်ထားနိုင်ခြေရှိတဲ့ သဘောဖြစ်ကာ ဒါဟာ တရားဝင်ထုတ်ပြန်ထားတဲ့ ပိုးတွေ့လူနာ ၁၅၆၁၃၉ ဦးထက် ၃၇ ဆ ကျော်ပိုများနေတာဖြစ်ပါတယ်။
တရားဝင် ကိန်းဂဏန်းအချက်အလက်တွေအရလည်း အိန္ဒိယဟာ အမေရိကန်၊ ဘရာဇီးတို့ပြီးရင် ကမ္ဘာမှာ ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု တတိယမြောက် အဆိုးဆုံးနိုင်ငံဖြစ်နေခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ကြာသပတေးနေ့မှာ အသစ်တွေ ပိုးကူးစက်သူ တစ်နေ့တာ စံချိန်တင်အဖြစ် ၆၉၆၅၂ အထိ ခုန်တက်သွားတာကြောင့် စုစုပေါင်း ပိုးကူးစက်သူ ၂.၈၄ သန်းဖြစ်သွားပါတယ်။ ဒါ့အပြင် သေဆုံးသူဦးရေ ၉၇၇ ဦး ထပ်တိုးခဲ့ပြီး စုစုပေါင်း ၅၃၈၆၆ ဦး ရှိသွားပြီလို့ဆိုပါတယ်။
ယခုလအစောပိုင်းမှာ မြို့ခံ ၁၅၀၀၀ ရဲ့ သွေးစစ်ချက်ရလဒ်တွေအရ ၂၉.၁ ရာခိုင်နှုန်းမှာ ဗိုင်းရပ်စ် ပဋိပစ္စည်းတွေ့ရှိခဲ့ကြောင်း ကြာသပတေးနေ့မှာ ဒေလီ ကျန်းမာရေးဝန်ကြီး ဆတ်တီယန်ဒရာ ဂျင်းက ပြောဆိုခဲ့ပါတယ်။ သို့ပေမယ့် သိပ္ပံပညာရှင်တွေက ပြောဆိုရာမှာတော့ ပဋိပစ္စည်း စစ်ဆေးမှုတွေအပေါ် ချင့်ချင့်ချိန်ချိန် တွက်ဆသင့်ကြောင်း ဘာကြောင့်လည်းဆိုတော့ COVID-19 ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး မဟုတ်ဘဲ အခြား ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိနေတာမျိုး ဖြစ်နိုင်တာကြောင့်ဖြစ်ကြောင်း ထောက်ပြခဲ့ပါတယ်။
crd-အကုန်သိ #Myanmar_Online_News
>>zawgyi<<

crd-အကုန္သိ #Myanmar_Online_News

0 comments:

Post a Comment