Thursday, August 13, 2020

အီတလီသမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခံထားရသော သံအမတ်ကြီး ဒေါ်မွှေးမွှေးခိုင်အား ပေါ်တူဂီ သမ္မတ နိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် အီတလီသမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဒေါ်မွှေးမွှေးခိုင်အား ၎င်း၏ လက်ရှိတာဝန်ဝတ္တရားများအပြင် ပေါ်တူဂီသမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်လိုက်ပြီး ဖြစ်ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment