Wednesday, August 26, 2020

ပါကစ္စတန်နိုင်ငံ၌ ရေဘေးကြောင့် သုံးရက်အတွင်း လူ ၉၀ ကျော် သေဆုံး



ပါကစ္စတန်နိုင်ငံတစ်ဝန်း သုံးရက်ကြာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၉၀ ဦးထက်မနည်း သေဆုံး ခဲ့ပြီး ထောင်နှင့်ချီသော နေအိမ်များ ပျက်စီးခဲ့ရကြောင်း အမျိုးသားဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီက ပြောကြားခဲ့သည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကရာချိမြို့တော်ရှိ လမ်းမများ၊ နေအိမ်အချို့ ရေနစ်မြုပ်ခဲ့ရသည်။မိုးရွာသွန်းမှုနှင့်ဆက်စပ်သော ဖြစ်စဉ်များကြောင့် ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းပြည်နယ်၌ လူ ၃၁ ဦး သေ ဆုံးခဲ့သည်။
ရေကြီးရေလျှံမှုများကြောင့် ခိုင်ဘာပတ်တွမ်ခွာပြည်နယ်၌ လူ ၂၃ ဦး၊ ပါကစ္စတန်နိုင်ငံ အနောက်တောင် ပိုင်းရှိ ဘလူချီစတန်ပြည်နယ်၌ ၁၅ ဦး၊ ပန်ဂျပ်ပြည်နယ်၌ ရှစ်ဦးနှင့် ပါကစ္စတန်နိုင်ငံပိုင် ကက်ရှ်မီးယားဒေသအပါ အဝင် အခြားပြည်နယ်များ၌ ၁၃ ဦး သေဆုံးခဲ့ကြောင်း အမျိုးသားဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီက ဆို သည်။
လုံခြုံရေးတပ်ဖွဲ့များ၊ ကယ်ဆယ်ရေးသမားများနှင့် အစ္စလာမ္မစ်အဖွဲ့ တာရစ်အီးလတ်ဘိတ်ခ်မှ စေတနာ့ ဝန်ထမ်းများက ကရာချိမြို့၌ ရေဘေးသင့်ပြည်သူများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးနေသည်ကို မြင်တွေ့ခဲ့ရသည်။ ပါကစ္စတန်နိုင်ငံ၏ အကြီးမားဆုံးမြို့ ကရာချိမြို့တော်နေ ပြည်သူအများအပြားက ရေဘေးကြောင့် ဆွေ မျိုးများ၏နေအိမ်များ၌ ခိုလှုံနေရသည်။
လုံခြုံရေးတပ်ဖွဲ့များက ဆင်းပြည်နယ် ရေဘေးသင့် ဒါဒူခရိုင်၌ ပြည်သူ ၃၀၀ အား လှေများအသုံးပြု၍ ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့သလို ကရာချိမြို့တော်၌ လူ ၁၂၄၅ ဦးကို ဘေးလွတ် ရာရွှေ့ပြောင်းပေးခဲ့သည်။
ကရာချိမြို့၌ ယခုသီတင်းပတ်အတွင်း မိုးဆက်လက်ရွာသွန်းမည်ဟု ယူဆရပြီး ရေနစ်မြုပ်လျက်ရှိရာ လူနေဧရိယာများ၌ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဒေသန္တရအာဏာပိုင်များကို ကူညီရန် ဝန်ကြီးချုပ် အမ်မရန်ခန်းက ယခုလအစောပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့များ စေလွှတ်ခဲ့သည်။
ပထမဆုံး ကူးစက်မှုတွေ့ရှိခဲ့သည့် ဖေဖော်ဝါရီလနောက်ပိုင်း လူပေါင်း ၆၂၀၀ ကျော် သေဆုံးခဲ့သည့် ကိုရို နာဗိုင်းရပ်စ်ပျံ့နှံ့မှု ထိန်းချုပ်ရန် အာဏာပိုင်များက ကြိုးပမ်းနေရသည့် ပါကစ္စတန်နိုင်ငံ၌ မိုးသည်းထန်စွာ ရွာ သွန်း မှုကြောင့် ရေဘေးသင့်ခဲ့ခြင်းဖြစ်သည်။
ပါကစ္စတန်နိုင်ငံရှိ မြို့တော်ကြီးများက နှစ်စဉ် ရေဘေးကြုံတွေ့နေရပြီး စီမံခန့်ခွဲမှုညံ့ဖျင်းမှုကြောင့် ဝေဖန်ခံနေရသည်။ ပါကစ္စတန်နိုင်ငံ၌ မိုးရာသီမှာ ဇူလိုင်လမှ စက်တင်ဘာလအထိ ဖြစ်သည်။





Ref ; EPN

0 comments:

Post a Comment