Monday, August 17, 2020

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှိ စေတီ၊ ပုထိုးများ ထိန်းသိမ်းရေးအတွက် ဂျာမနီနိုင်ငံက ဆက်လက် ထောက်ပံ့ပေးသွားမည်

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှိ စေတီ၊ ပုထိုးများ ထိန်းသိမ်းရေးအတွက် ဆက်လက်ထောက်ပံ့ပေးသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။
UNESCO ကမ္ဘာ့အမွေအနှစ်ဖြစ်သည့် ပုဂံရှိ စေတီ၊ ပုထိုးများ ထိန်းသိမ်းရေးအတွက် ဂျာမနီနိုင်ငံက ဆက် လက်ထောက်ပံ့လျက်ရှိပြီး လွန်ခဲ့သည့်၂နှစ်အတွင်း နန်းဘုရားနှင့် နရသီဟပတေ့ဘုရားများ ပြန်လည်ပြု ပြင်မွမ်းမံရေးအတွက် ဂျာမနီနှင့် မြန်မာ နှစ်နိုင်ငံကြား သဘောတူညီမှုလက်မှတ်ရေးထိုးကာ ဂျာမန်ပညာရှင်နှင့်အတူ ပြည်တွင်းအဖွဲ့များကပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်လို့ ဆိုပါတယ်။
လက်ရှိတွင် ဂျာမနီနိုင်ငံခြားရေးရုံးက ငွေကြေးဆိုင်ရာထောက်ပံ့မှုများဆောင်ရွက်လျက်ရှိပြီး သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန ဦးစီးဌာနတို့ကလည်းပူးပေါင်းပါဝင်လျက် ရှိကာလာမည့်နှစ်များတွင် စေတီပုထိုးများပြုပြင်ထိန်းသိမ်ရေး လုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရန်၊ ဂျာမန်ပညာရှင်များ ဆက်လက်ပံ့ပိုးနိုင်ရန် သဘောတူညီမှုကို သံအမတ်ကြီး နိုင်ဇင်ဂါနှင့် သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြီးခဲ့သည့် သီတင်းပတ်တွင် လက်မှတ်ရေးထိုးခဲ့ပါတယ်လို့ဆိုပါတယ်။
Ref ; MyanmaPlatform

0 comments:

Post a Comment