Saturday, August 22, 2020

ကရင်ပြည်နယ် ဘားအံ သံလွင်မြစ်ရေကြီးခြင်းသတိပေးချက်ထုတ်ပြန်ထား


ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေသည် ယနေ့မနက် ၇ နာရီခွဲ တိုင်းထွာချက်များအရ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာအောက် ၇၃၇ စင်တီမီတာသို့ရောက်ရှိနေပြီ ဖြစ်ကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ သတင်းများအရ သိရပါတယ်။
အဆိုပါမြစ်ရေသည် မကြာမီအချိန် အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိကျော်လွန်လာနိုင်ပြီး မြစ်ချောင်းဘေးနေထိုင်သူများနှင့် အနိမ့်ပိုင်းနေထိုင်သူများ သတိပြုနေထိုင်ကြရန်လိုအပ်ကြောင်း သတိပေးချက်များ ထုတ်ပြန်ပါတယ်။



0 comments:

Post a Comment