Monday, August 24, 2020

တရားမဝင် ပြန်လည်ဝင်ရောက်လာသည့် ရွှေ့ပြောင်းအလုပ်သမားများ ဖမ်းမိ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက်၊ (၃)မိုင် အနီး၌ ဩဂုတ် ၂၂ ရက် ည ၁၂ နာရီခွဲခန့်တွင် မသင်္ကာဖွယ် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၂ ဦးနှင့် ကလေးငယ်တစ်ဦးတို့ကို တွေ့ရှိရကြောင်းသတင်းအရ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ မလေးရှားနိုင်ငံမှ တရားမဝင် ပြန်လည်ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။
အလားတူ ဩဂုတ် ၂၂ ရက် ညနေ ၃ နာရီခွဲ ခန့်တွင် ထားဝယ်မြို့နယ်၊ အလယ်စတိုကျေးရွာအနီး တစ်ဖက်နိုင်ငံမှတရားမဝင်ပြန်လည် ဝင်ရောက်မှုများရှိကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ထိုင်းနိုင်ငံမှတရားမဝင်ပြန်လည်ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသား ၈ ဦး၊ အမျိုးသမီး ၄ ဦးတို့အား ဖမ်းဆီးရမိခဲ့သည်။
အဆိုပါဖမ်းဆီးရမိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၂၁ ဦးအား သက်ဆိုင်ရာမြို့နယ်များရှိ COVID-19 စောင့်ကြည့်ရေးစခန်းများတွင် Facility Quarantine ထားရှိမည်ဖြစ်ပြီး ဓာတ်ခွဲနမူနာများအား ရန်ကုန်ရှိ အမျိုးသားဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ဆက်လက်ပို့ဆောင်မည်ဖြစ်ကြောင်းနှင့် Quaratine ကာလ ၂၁ ရက်ပြည့်မြောက်ပါက ဥပဒေအရအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တပ်မတော်မှ သတင်းအရ သိရသည်။
>>zawgyi<<

0 comments:

Post a Comment