Sunday, August 9, 2020

ဘီရွတ်အဓိကရုန်း ရဲတပ်ဖွဲ့ဝင် ၁-ဦးသေဆုံး၍ လူ ၂၄၀ နီးပါး ဒါဏ်ရာရရှိခဲပြီး ပေါက်ကွဲမှု ကြီးကြောင့် လက်ဘနွန်ပြည်သူတို့၏ ကြောက်ရွံ့စိုးရိမ်စိတ် ဒေါသအဖြစ်သို့ ရောက်ရှိလာ

လက်ဘနွန်နိုင်ငံ ဘီရွတ်မြို့တွင် ယခုရက်သတ္တပတ်စောစောပိုင်း၌ ကြောက်မက်ဖွယ်ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ပြီးနောက် အစိုးရနှုတ်ထွက်ပေးရန် တောင်းဆိုဆန္ဒပြပွဲများ ပေါ်ပေါက်လာခဲ့သည်။ ဆန္ဒပြသူများနှင့် လူစုခွဲရန် ကြိုးစားသူ ရဲတပ်ဖွဲဝင်တို့အကြား ပြင်းထန်သော အဓိကရုန်းများအဖြစ် ပြောင်းလဲခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁-ဦး သေဆုံး၍ နှစ်ဖက်စလုံးမှ အနည်း ဆုံး ၂၃၈-ဦး ဒါဏ်ရာရရှိခဲ့ကြောင်း၊ ဆေးရုံသို့ ပို့ဆောင်ခဲ့ရသူ ၆၃-ဦးရှိခဲ့ပြီးနောက် တည်ငြိမ်အေးချမ်းမှုထိန်းသိမ်းရန် ဘီရွတ်မြို့လယ်ပိုင်း၌ လက်ဘနွန်စစ်တပ်အား ဖြန့်ချထားရသည်ဟု Russia Today က ယနေ့ရေးသားသည်။
ထောင်နှင့်ချီသည့် ဆန္ဒပြသူများသည် ဘီရွတ်မြို့လယ်ပိုင်း အာဇာနည်ရင်ပြင်တွင် စုဝေးခဲ့ကြပြီး ပါလီမန်အဆောက်အအုံအား ဝင်ရောက်စီးနင်းရန် ကြိုးစားရာမှ ရဲတပ်ဖွဲ့ဝင်များနှင့် ပဋိပက္ခဖြစ်ပွားခဲ့သည်။ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများကို အသုံးပြု၍ ဆန္ဒပြသူများက ကျောက်ခဲ၊ အုတ်ခဲကျိုးများဖြင့် ပြန်လှန်ပစ်ခတ်ကြသည်ဆို၏။
မီဒီယာများ၏ ဖော်ပြချက်အရဆိုလျှင် အဆောက်အအုံအတွင်း ဆူပူသူများအား လိုက်လံဖမ်းဆီးစဉ် ရဲတပ်ဖွဲ့ဝင် ၁-ဦးမှာ ဓာတ်လှေကားပေါ်မှ မတော်တဆပြုတ်ကျ၍ သေဆုံးသွားခဲ့ကြောင်း၊ တရားဥပဒေစိုးမိုးရေးတာဝန်ရှိသူများသည် လူစုလူဝေးအား နှိမ်နင်းရာတွင် ရာဘာကျည်ဆန်များသာမက ကျည်အစစ်သုံး၍လည်း ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။ လူမှုကွန်ရက်တွင် ပျံ့လွင့်လျှက်ရှိသော အဓိကရုန်းဖြစ်ပွားမှု သတင်းဓါတ်ပုံများ၌ ဒါဏ်ရာပြင်းထန်ပုံရ၍ သွေးထွက်သံယိုဖြစ်ရသူများစွာတို့ကို တွေ့မြင်ကြရသည်။
အာဇာနည်ရင်ပြင်တွင် ရုန့်ရင်းဆန်ခတ်ဖြစ်ပွားစဉ် သေနတ်နှင့် ပစ်ခတ်မှုရှိခဲ့ကြောင်း တွေ့မြင်ခဲ့ရသူတစ်ဦးက ပြောဆိုသည်။ လူမှုကွန်ရက်၌လည်း ချေမှုန်းရေး စစ်သုံးရိုင်ဖယ်နှင့် ဒုတ်ရှည်ကိုင်ဆောင်ထားသော စစ်သားများက ဆန္ဒပြသူများအား တွန်းထိုးနေပုံကို ဖော်ပြလျှက်ရှိသည်။
ဘီရွတ်မြို့တော်တွင် ရုန့်ရင်းဆန်ခတ် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေစဉ် လက်ရှိပဋိပက္ခအား ဖြေရှင်းရန်မှာ တစ်ခုတည်းသောနည်းလမ်းသာရှိပြီး ပါလီမန်ရွေးကောက်ပွဲအား စောစီးစွာ ကျင်းပရန် မိမိတောင်းဆိုမည်ဖြစ်ကြောင်း လက်ဘနွန်ဝန်ကြီးချုပ် ဟတ်ဆန်ဒိုင်ဘတ်က ပြောဆိုသည်။
ယခုရက်သတ္တပတ်တွင် ဘီရွတ်ဆိပ်ကမ်း၌ သိုလှောင်ထားသည့် အမိုးနီးယားနိုက်ထရိတ်များ ပြင်းထန်စွာ လောင်ကြွမ်းပေါက်ကွဲမှုခဲ့သဖြင့် လူ ၁၅၀ ကျော်သေဆုံးပြီး ထောင်ပေါင်းများစွာ ဒါဏ်ရာရရှိခဲ့ရသည်။ အဆောက်အအုံများ ပျက်စီးခြင်းကြောင့် လူသိန်းချီကာ အိုးမဲ့ အိမ်မဲ့ ဖြစ်ကြရသည်။
ပေါက်ကွဲမှုဖြစ်ရခြင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ စတင်လျှက်ရှိသည်။ သို့သော် ပြင်းထန်စွာ ပေါက်ကွဲစေတတ်သည့် ဓါတုပစ္စည်းများအား သိုလှောင်ရာတွင် လုံခြုံရေးအစီအမံများ မရှိ၊ ကြီးကြပ်ထိန်းသိမ်းခြင်းလည်း မပြုလုပ်ခဲ့ကြသဖြင့် အစိုးရ၌ တာဝန်ရှိကြောင်း ဆန္ဒပြသူများက အပြစ်ပုံချလျှက်ရှိသည်။
ပေါက်ကွဲမှုသည် မြို့တော်၏ အစိတ်အပိုင်းအများစုကို ချေမွှပစ်ခဲ့ပြီး စီးပွားရေးလုပ်ငန်းများ၊ ဆေးရုံများနှင့် အခြားအခြေခံအဆောက်အအုံများကို ပျက်စီးစေခဲ့သည်။ ထို့အပြင် နေအိမ်များ ပျက်စီးမှုကြောင့် လူပေါင်း ၂၀၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ဒေသခံများ၊ စေတနာ့ဝန်ထမ်းများနှင့် အရေးပေါ်ဝန်ဆောင်မှုလုပ်သားတို့က အပျက်အစီးပုံကြီးများအောက်မှ အသက်ရှင်လျှက်ရှိသူများကို ဆက်လက်ရှာဖွေနေကြသည်။ နေစရာ အိုးအိမ်၊ စားစရာနှင့် သောက်သုံးရန် ရေပင်ပြတ်လပ်လျှက်ရှိခြင်းကြောင့် ကန့်ကွက်ဆန္ဒပြသည့်နေရာ၌ လူထောင်ပေါင်းများစွာတို့ စုဝေးခဲ့ကြသည်။
crd-Oung Marine #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment