Wednesday, August 26, 2020

မိုင်းရှူးမြို့နယ်တွင် တရားမဝင်နေထိုင်လျက်ရှိသည့် တရုတ်နိုင်ငံသားတစ်ဦး ဖမ်းဆီးရမိ



ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းရှူးမြို့အဝင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌မော်တော်ယာဉ်ဖြတ်သန်းသွားလာမှုများအားစစ်ဆေးနေစဉ် ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဝမ်လွယ်ရွာမှ မိုင်းရှူးမြို့ဘက်သို့ လီယီရှဲ့ (ဘ) ဦးလီစုန်းရှဲ့ ဝူတန်းကျန်မြို့၊ ဟဲလုံကျန်းပြည်နယ်၊ တရုတ်နိုင်ငံသားမောင်းနှင်ပြီး ဇနီးတော်စပ်သူ မတင်ဇာဝင်း (ဘ) ဦးအာရမွန်ဂွမ်း ဝမ်လွယ်ရွာ၊ မိုင်းရှူးမြို့နေသူလိုက်ပါလာသည့် NISSAN X-TRAIL အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ တရုတ်နိုင်ငံသား လီယီရှဲ့တွင် နေထိုင်ခွင့်သက်သေခံလက်မှတ်အထောက်အထားတစ်စုံတစ်ရာမရှိကြောင်းစစ်ဆေး သိရှိရသည်။
မတင်ဇာဝင်းသည် တရုတ်နိုင်ငံ၌ အလုပ်လုပ်စဉ် တရုတ်နိုင်ငံသား လီယီရှဲ့နှင့် လက်ထပ်ပေါင်းသင်းရာမှ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် မူဆယ်မြို့ မှတစ်ဆင့် ဝင်ရောက်ခဲ့ပြီး ဇနီးဖြစ်သူနေထိုင်သည့် ဝမ်လွယ်ရွာတွင် နေထိုင်လျက်ရှိရာမှ မိုင်းရှူးမြို့ သို့ဈေးဝယ်ရန် လာရောက်စဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိ တရားမဝင်တရုတ်နိုင်ငံသားနှင့် ၎င်းအားလက်ခံထားသူ ဇနီး မတင်ဇာဝင်းအား ဥပဒေနှင့်အညီအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

0 comments:

Post a Comment