Friday, August 14, 2020

သီးနှံဈေးတွေ အရင်လို့ မကောင်းလို့ လယ်သမားအတွက် စိတ်မကောင်းဖြစ်ရတယ်လို့ ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဌပြော

သီးနှံဈေးတွေ အရင်လို့ မကောင်းလို့ လယ်သမားအတွက် စိတ်မကောင်းဖြစ်ရတယ်လို့ ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဌ ဦးလှထွန်းက ပြောကြားလိုက်ပါတယ်။ မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်က ဒေသခံတွေနဲ့ တွေ့ဆုံစဉ်မှာ အခု လိုပြောကြား ခဲ့တာဖြစ်ပါတယ်။
ဦးလှထွန်းက “သီးနှံဈေးနှုန်းတွေ အရင်ကလို အရောင်းအဝယ် မဖြစ်ဘူး။ ဈေးမကောင်းကြဘူး။ ကျွန်တော်တို့ လယ်သမားတွေ စီးပွားရေးမကောင်းကြဘူး။ ကျွန်တော်တို့ တစ်ကယ် စိတ်မကောင်း ဖြစ်ရတယ်”လို့ ဆိုပါတယ်။
ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဌ ဦးလှထွန်းသည် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ သမ္မတရုံဝန်ကြီး တစ်ဦးဖြစ်ပြီး လာမည့် နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ကျောက်ပန်းတောင်းမြို့နယ်က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲ ဝင်သွားမှာ ဖြစ်ပါတယ်။
“ကျွန်တော်တို့ ပြည်ခိုင်ဖြိုးအစိုးရလက်ထက်မှာ ဒေသဖွံ့ဖြိုးရေး ကြိုးစားဆောင်ရွက်ခဲ့တာတွေလည်း ဒေသကလူတွေ သိကြတာပဲ။ စာသင်ကျောင်းတွေ လမ်းတွေ ကျွန်တော်တို့ ဆောင်ရွက်ပေးခဲ့ပါတယ်။ လျှပ်စစ်မီးဆိုရင်လည်း အမြန်ဆုံးရရှိအောင် ဆောင်ရွက်ခဲ့တယ်” လို့ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းက ပြောပါတယ်။
ပြည်ခိုင်ဖြိုးပါတီအနေဖြင့် လာမည့် ရွေးကောက်ပွဲမှာ အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ နှင့် အပြိုင် ကိုယ်စားလှယ်လောင်း ၁၁၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
Ref ; MyanmaPlatform

0 comments:

Post a Comment