Monday, August 10, 2020

အမေရိကန်၊ ဗြိတိန်နိုင်ငံနှင့် မဟာမိတ်နိုင်ငံတို့မှ ဟောင်ကောင်ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပရေးတောင်းဆို

ဩဂုတ်လ ၉ ရက်နေ့တွင် ဗြိတိန်နိုင်ငံ၊ အမေရိကန်နိုင်ငံ၊ ကနေဒါနိုင်ငံ၊ ဩစတြေလျနိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့မှ အာဏာပိုင်များအနေဖြင့် ဒီမိုကရေစီလုပ်ငန်းစဉ်များကို ပျက်ပြားစေမည့်လှုပ်ရှားမှုများနှင့်ပတ်သက်၍ သတိပေးခဲ့ပြီး ဟောင်ကောင်ရွေးကောက်ပွဲကို ဖြစ်နိုင်သမျှမြန်မြန် ကျင်းပပြုလုပ်ရန် တိုက်တွန်းခဲ့ပါသည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် စက်တင်ဘာလ ၆ ရက်နေ့တွင် ကျင်းပပြုလုပ် မည့် ဉပဒေပြုကောင်စီရွေးကောက်ပွဲကို တစ်နှစ်ကျော်ကြာ ရွှေ့ဆိုင်းခဲ့ပြီးနောက် တရုတ်ဉပဒေပြုအမတ်များ၏ နောက်ထပ်ခြေလှမ်းအတွက် ဆုံးဖြတ်ချက်ချရန် ၎င်းတို့၏ ထုတ်ပြန်ချက်ထွက်ပေါ်လာရခြင်းဖြစ်ပါသည်။
နိုင်ငံပေါင်း ၅ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများသည် ဉပဒေပြုကောင်စီရွေး ကောက်ပွဲ၏ မျှတမှုမရှိသောရွေ့ဆိုင်းမှုနှင့် ဟောင်ကောင်အစိုးရ၏ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းများအား မမျှတစွာပိတ်ပင်ခြင်းများအပေါ် အလွန်အမင်းစိုးရိမ် နေကြပါသည်။
အဆိုပါလှုပ်ရှားမှုများသည် ဟောင်ကောင်၏ တည်ငြိမ်အေးချမ်းရေးနှင် ကြွယ်ဝချမ်းသာမှုများအတွက် အခြေခံကြသည် ဒီမိုကရေစီလုပ်ငန်းစဉ်များအပေါ် ပျက်ပြားစေပါသည်။
၎င်းတို့အနေဖြင့် ဟောင်ကောင်ရွေးကောက်ပွဲကို ဖြစ်နိုင်သမျှမြန်မြန် ကျင်းပနိုင်ရေးကို တိုက်တွန်းခဲ့ပါသည်။
ဟောင်ကောင်အုပ်ချုပ်ရေးမှူးကယ်ရီလမ်းသည် လက်ရှိဉပဒေပြုလွှတ်တော်၏ သက်တမ်းကိုတိုမြှင့်ခြင်းမှာ ပို၍လက်တွေ့ကျနိုင်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါ သည်။သို့ရာတွင် ပြန်လည်ရွှေကောက်ခံခြင်းမပြုရန် တာမြစ်ခြင်းခံထားရသည့် အတိုက်အခံဉပဒေပြုအမတ် လေးဦးနှင့်ပတ်သက်၍ မည်ကဲ့သို့ဆောင်ရွက်ရမည့် အ ပေါ် မေးခွန်းများထွက်ပေါ်လာပါသည်။
ဒီမိုကရေစီလိုလားသည့် ဉပဒေပြုအမတ် လေးယောက်သည် တရုတ်နိုင်ငံနှင့် ဟောင်ကောင်အပေါ် နိုင်ငံတကာမှအရေးယူပိတ်ဆို့မှုများချမှတ်ရန် တောင်းဆိုမှုများနှင့် အမျိုးသားလုံခြုံရေးဉပဒေအပေါ် ဖောက်ဖျက်မှုများရှိနေသည့်အတွက် အရည်အချင် နှင့် ကိုက်ညီမှုမရှိခြင်းဖြစ်ပါသည်။
၎င်းတို့၏ထုတ်ပြန်ချက်တွင် နိုင်ငံခြားရေးဝန်ကြီး ၅ ဦးမှ စည်းကမ်းနှင့် မညီ ညွှတ်၍ တားမြစ်ခံထားရသော ဉပဒေပြုအမတ်များပြန်လည် ဝင်ရောက်နိုင်ရေးကို တောင်းဆိုခဲ့ပါသည်။
မိတ်ဖက် Five Eyes အောက်ရှိ ထောက်လှမ်းရေးဆိုင်ရာများကို ဝေမျှပေးနေ သည့် နိုင်ငံ ၅ နိုင်ငံမှထုတ်ပြန်ထားသော ပူးတွဲထုတ်ပြန်ချက်တွင် လုံခြုံရေးဉပဒေ သည် ဟောင်ကောင်ပြည်သူများ၏အခြေခံလူ့အခွင့်အရေးနှင့် လွတ်လပ်ရေးကို တိုက်စားနေကြောင်း ဖော်ပြထားပါသည်။
ဟောင်ကောင်၏စစ်မှန်၍ လွတ်လပ်ပြီးတရားမျှတသော၊ ယုံကြည်စိတ်ချရသော ရွေးကောက် ပွဲမှတဆင့် ဉပဒေပြုကောင်စီကိုယ်စာလှယ်များကို ရွေးကောက် တင်မြောက်မည့် ဟောင်ကောင်ပြည်သူများ၏ မျှော်လင့်ချက်များကို မိမိတို့အနေဖြင့် အားဖြည့်ကူညီသွားမည်ဖြစ်ကြောင်း ၎င်းတို့မှ ဖြည့်စွက်ပြောကြားခဲ့ပါသည်။
ဩဂုတ်လ ၇ ရက်နေ့တွင် အမေရိကန်နိုင်ငံမှ အငြင်းပွားဖွယ်ရာဉပဒေကို ပြဌာန်းခဲ့သည့် အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းအပါအဝင် ဟောင်ကောင်နှင့် တရုတ်နိုင်ငံမှ အရာရှိများအပေါ် အရေးယူပိတ်ဆို့မှုများချမှတ်ခဲ့ပါသည်။
Source : CNA
US, UK and allies call for prompt Hong Kong elections

0 comments:

Post a Comment