Monday, August 17, 2020

ကူးစက်မှုနှုန်း ၁၀ ဆပိုမြန်သည့် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ မလေးရှားတွင်တွေ့ရှိ

မလေးရှားနိုင်ငံတွင် ကူးစက်မှု ၁၀ ဆပိုမြန်သည့်သန္ဓေပြောင်းကိုရိုနာဗိုင်းရပ်စ်အမျိုးအစားတွေ့ရှိသည်။ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် D614G သန္ဓေပြောင်းလဲမှုတွေ့ရှိပြီးနောက် လူမှုအသိုက်အဝန်းအနေဖြင့် ပိုမိုဂရု စိုက်ရမည်ဖြစ်ကြောင်း မလေးရှားကျန်းမာရေးဝန်ကြီးဌာနညွှန်ကြားရေးမှူချုပ် နောဟီရှမ်အဗ္ဗဒူလာက တနင်္ဂနွေနေ့တွင် သူ၏ Facebook စာမျက်နှာမှတစ်ဆင့်ပြောသည်။
မလေးရှားဆေးသုတေသနအင်စတီကျူက နိုင်ငံအတွင်းရှိရောဂါအပြုံလိုက်ကူးစက်ခံရသူ ၂ စုထဲမှကူးစက်ခံ ရသူ ၄ ယောက်ကို သီးသန့်ခွဲထားပြီး ပုံမှန်စစ်ဆေးမှုများပြုလုပ်ရာတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
D614G သန္ဓေပြောင်းလဲမှုကို ဇူလိုင်တွင် သိပ္ပံပညာရှင်များရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိကာကွယ်ဆေး သုတေသနလုပ်ငန်းများကို မအောင်မြင် သို့မဟုတ် ဆေးမတိုးစေရန် တွန်းအားဖြစ်သွားနိုင်သည်ဟုလည်း ဒေါက်တာနောဟီရှမ်ကပြောသည်။
အများပြည်သူအနေဖြင့် ကြိုတင်ကာကွယ်ရေးအစီအမံများဆက်လက်လိုက်နာရန်နှင့် လူချင်းခပ်ခွာခွာနေရန်၊ တစ်ကိုယ်ရေးကျန်းမာရေးအလေ့အကျင့်များကျင့်သုံးရန်နှင့် နှာခေါင်းစည်းများတပ်ရန်စသည့် အစီအ မံများ ဆောင်ရွက်ရန်လည်း အကြံပြုသည်။
တနင်္ဂနွေနေ့က မလေးရှားတွင် COVID-19 အတည်ပြုလူနာ ၂၅ ယောက်ရှိခဲ့ပြီး ၉ ယောက်မှာ ပြည်တွင်း ကူးစက်မှုနှင့် ၁၆ ယောက်မှာ နိုင်ငံခြားပြန်များဖြစ်သည်။ ထို့ကြောင့် မလေးရှားတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၉၂၀၀ ရှိလာပြီး ကုသမှုခံယူနေရသူ ၂၁၆ ယောက်ရှိ နေသည်။
သေဆုံးသူ ၁၂၅ ယောက်ရှိနေသည်။
Ref ; People Media

0 comments:

Post a Comment