Saturday, August 8, 2020

ပြည်ပရောက်မြန်မာနိုင်ငံသားများကို ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်

ပါကစ္စတန်နိုင်ငံ မြန်မာစစ်သံရုံးက တပ်မတော်သား ၁၃ ဦးအပါအဝင် ပြည်ပနိုင်ငံတွေမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၁၇၄ ဦးကို ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ပါကစ္စတန်နိုင်ငံ၊ မြန်မာစစ်သံရုံးက တပ်မတော်သား ၁၃ ဦး၊ ဘာရိန်းနိုင်ငံက ၂ ဦး၊ ယူအေအီးနိုင်ငံက ၁၀၉ ဦး၊ ကူဝိတ်နိုင်ငံက ၈ ဦး၊ အီဂျစ်က ၁၀ ဦး၊ တူရကီက ၅ ဦး၊ ဆိုက်ပရပ်စ်က ၂ ဦး၊ ပနားမားက ၁ ဦး၊ မော်လဒိုက်က ၉ ဦး၊ ဘရာဇီးက ၄ ဦး၊ တောင်အာဖရိကက ၄ ဦး၊ အီတလီက ၂ ဦး၊ အီရန်က ၂ ဦး၊ ဆွစ်ဇာလန်က ၁ ဦး၊ ယူဂိုဆလားဗီးယားက ၁ ဦး၊ ဂျာမနီက ၁ဦး၊ မြန်မာနိုင်ငံသား စုစုပေါင်း ၁၇၄ ဦးတို့ကို ကယ်ဆယ်ရေးလေယာဉ်နဲ့ ခေါ်ဆောင်ခဲ့တာဖြစ်ပြီး ဒီနေ့မနက် ၁ နာရီမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိခဲ့ကြတာပါ။
သူတို့ကို ကျန်းမာရေးစိစစ်ပြီး ၂၁ ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေး စီစဉ်ပေးသွားမယ်လို့ ဆိုပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလ ပြည်ပနိုင်ငံတွေမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်ခဲ့တာ ဒီနေ့မနက်ပိုင်းအထိ စုစုပေါင်း ၁၀,၀၁၄ ဦးရှိပြီလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Source - DVB
>>zawgyi<<
ပြည်ပရောက်မြန်မာနိုင်ငံသားများကို ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်
Saturaday, Aug 8, 2020
ပါကစ္စတန်နိုင်ငံ မြန်မာစစ်သံရုံးက တပ်မတော်သား ၁၃ ဦးအပါအဝင် ပြည်ပနိုင်ငံတွေမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၁၇၄ ဦးကို ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ပါကစ္စတန်နိုင်ငံ၊ မြန်မာစစ်သံရုံးက တပ်မတော်သား ၁၃ ဦး၊ ဘာရိန်းနိုင်ငံက ၂ ဦး၊ ယူအေအီးနိုင်ငံက ၁၀၉ ဦး၊ ကူဝိတ်နိုင်ငံက ၈ ဦး၊ အီဂျစ်က ၁၀ ဦး၊ တူရကီက ၅ ဦး၊ ဆိုက်ပရပ်စ်က ၂ ဦး၊ ပနားမားက ၁ ဦး၊ မော်လဒိုက်က ၉ ဦး၊ ဘရာဇီးက ၄ ဦး၊ တောင်အာဖရိကက ၄ ဦး၊ အီတလီက ၂ ဦး၊ အီရန်က ၂ ဦး၊ ဆွစ်ဇာလန်က ၁ ဦး၊ ယူဂိုဆလားဗီးယားက ၁ ဦး၊ ဂျာမနီက ၁ဦး၊ မြန်မာနိုင်ငံသား စုစုပေါင်း ၁၇၄ ဦးတို့ကို ကယ်ဆယ်ရေးလေယာဉ်နဲ့ ခေါ်ဆောင်ခဲ့တာဖြစ်ပြီး ဒီနေ့မနက် ၁ နာရီမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိခဲ့ကြတာပါ။
သူတို့ကို ကျန်းမာရေးစိစစ်ပြီး ၂၁ ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေး စီစဉ်ပေးသွားမယ်လို့ ဆိုပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလ ပြည်ပနိုင်ငံတွေမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်ခဲ့တာ ဒီနေ့မနက်ပိုင်းအထိ စုစုပေါင်း ၁၀,၀၁၄ ဦးရှိပြီလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Source - DVB

0 comments:

Post a Comment