Friday, August 7, 2020

အငှားအိမ်ရာစီမံကိန်းပန္နက်တင်အခန်းအနားကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တက်ရောက်

ယနေ့ ဩဂုတ်လ ၇ ရက်နေ့ နံနက်တွင် ပြည်သူများအတွက်အငှားအိမ်ရာစီမံကိန်းပန္နက်တင်အခန်းအနား နိုင်ငံတော်​၏အတိုင်ပင်ခံပုဂ္ဂိုလ်တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်း စီးပွားရေးတက္ကသိုလ် အနီး အမှတ်၇လမ်းမပေါ်တွင် တည်ဆောက်မည့် ဝန်ထမ်းများ ၊ အငြိမ်းစားဝန်ထမ်းများ၊ ဝင်ငွေနည်းပြည်သူများ နေရေးအဆင်ပြေစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းပေါများစေရေးအတွက် ရန်ကုန်၊နေပြည်တော် ၊မန္တလေး တွင် အိမ်ခန်းပေါင်း ၁၀၀၀၀ ဆောက်လုပ်ခြင်း စီမံကိန်းဖြစ်ပြီး ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်အသင်း ၃ မှ ကုမ္ပဏီ ၂၀၀ ကျော်က ပါဝင်ဆောင်ရွက်တည်ဆောက်မည်ဖြစ်ပါသည်။

0 comments:

Post a Comment