Saturday, August 15, 2020

အခြေခံပညာကျောင်းများတွင် စာသင်ကြားသလောက်သာ စာမေးပွဲကို စစ်ဆေးမေးမြန်းမည်

ကျောင်းဖွင့်ချိန်နောက်ကျ၍ အခြေခံပညာကျောင်းများတွင် စာမေးပွဲစစ်ဆေးခြင်းများကို စာသင်ကြားသလောက်သာ စစ်ဆေးမေးမြန်းမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပြောကြားခဲ့ကြောင်း သိရသည်။
“စာမေးပွဲဆိုတာ ဒီခေတ်မှာတော့ အရေးမကြီးတော့ပါဘူး။ စာမေးပွဲထက်စာလို့ရှိရင်ကလေးကတကယ်တတ်သွားတဲ့ဟာကိုပဲ လိုချင်တာပေါ့။ မတတ်ဘဲနဲ့ စာမေးပွဲအောင်ဖို့ပဲလုပ်ခဲ့တာဟာ နှစ်ပေါင်းများစွာကြာခဲ့တဲ့အခါကြတော့ မလိုလားအပ်ဘဲနဲ့ ကျူရှင်တွေဘာတွေအများကြီးဖြစ်သွားတာပေါ့။ ဒါကြောင့် ဒီနောက်ပိုင်းပညာရေးစနစ်က ကျူရှင်စနစ်မလိုလောက်အောင်ပေးထားတဲ့ ပညာရေးစနစ်ဖြစ်တာပေါ့။ စာမေးပွဲကိုဦးမတည်ပါဘူး။ ကျောင်းသူ၊ကျောင်းသားတွေကို C လေးလုံးပေါ့။၂၁ရာစုကျွမ်းကျင်မှုတွေပဲရအောင်သွားမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ကျောင်းဖွင့်တာနောက်ကျလည်းပဲ ဘာမှပူစရာမလိုဘူး။အဓိကတော့ ၁ရက်သင်ခွင့်ရရင်ကိုပဲ ၁ရက်ကလေးတွေအတွက်အကျိုးရှိတယ်လေ။ အဲဒီသဘောမျိုးနဲ့သွားတာဖြစ်ပါတယ်။ စာမေးပွဲကတော့ ဆယ်ရက်စာသင်ရင်ဆယ်ရက်စာပဲမေးမှာပေါ့။ တစ်လစာသင်ရင်တစ်လစာပဲမေးမှာပေါ့”လို့ ဒေါက်တာတင်မောင်ဝင်းက ပြောသည်။
အခြေခံပညာကျောင်းများတွင်ကျောင်းတွင်းစာမေးပွဲစစ်ဆေးခြင်းကို တစ်နှစ်လျှင် လေးကြိမ်စစ်ဆေးမေးမြန်းပြီး အထက်တန်းအဆင့် သင်ယူပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးရာတွင် စာမေးပွဲလေးကြိမ်ပြည့်မှီအောင်ဖြေဆိုထားရန် လိုအပ်ကြောင်းသိရသည်။
မြန်မာနိုင်ငံတွင်အခြေခံပညာကျောင်းပေါင်းလေးသောင်းကျော် ဆရာ၊ဆရာမ လေးသိန်းကျော်ရှိကြောင်း သိရသည်။
crd-People Media #Myanmar_Online_News
>>zawgyi<<
အခြေခံပညာကျောင်းများတွင် စာသင်ကြားသလောက်သာ စာမေးပွဲကို စစ်ဆေးမေးမြန်းမည်
Saturday, August 15, 2020
ကျောင်းဖွင့်ချိန်နောက်ကျ၍ အခြေခံပညာကျောင်းများတွင် စာမေးပွဲစစ်ဆေးခြင်းများကို စာသင်ကြားသလောက်သာ စစ်ဆေးမေးမြန်းမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပြောကြားခဲ့ကြောင်း သိရသည်။
“စာမေးပွဲဆိုတာ ဒီခေတ်မှာတော့ အရေးမကြီးတော့ပါဘူး။ စာမေးပွဲထက်စာလို့ရှိရင်ကလေးကတကယ်တတ်သွားတဲ့ဟာကိုပဲ လိုချင်တာပေါ့။ မတတ်ဘဲနဲ့ စာမေးပွဲအောင်ဖို့ပဲလုပ်ခဲ့တာဟာ နှစ်ပေါင်းများစွာကြာခဲ့တဲ့အခါကြတော့ မလိုလားအပ်ဘဲနဲ့ ကျူရှင်တွေဘာတွေအများကြီးဖြစ်သွားတာပေါ့။ ဒါကြောင့် ဒီနောက်ပိုင်းပညာရေးစနစ်က ကျူရှင်စနစ်မလိုလောက်အောင်ပေးထားတဲ့ ပညာရေးစနစ်ဖြစ်တာပေါ့။ စာမေးပွဲကိုဦးမတည်ပါဘူး။ ကျောင်းသူ၊ကျောင်းသားတွေကို C လေးလုံးပေါ့။၂၁ရာစုကျွမ်းကျင်မှုတွေပဲရအောင်သွားမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ကျောင်းဖွင့်တာနောက်ကျလည်းပဲ ဘာမှပူစရာမလိုဘူး။အဓိကတော့ ၁ရက်သင်ခွင့်ရရင်ကိုပဲ ၁ရက်ကလေးတွေအတွက်အကျိုးရှိတယ်လေ။ အဲဒီသဘောမျိုးနဲ့သွားတာဖြစ်ပါတယ်။ စာမေးပွဲကတော့ ဆယ်ရက်စာသင်ရင်ဆယ်ရက်စာပဲမေးမှာပေါ့။ တစ်လစာသင်ရင်တစ်လစာပဲမေးမှာပေါ့”လို့ ဒေါက်တာတင်မောင်ဝင်းက ပြောသည်။
အခြေခံပညာကျောင်းများတွင်ကျောင်းတွင်းစာမေးပွဲစစ်ဆေးခြင်းကို တစ်နှစ်လျှင် လေးကြိမ်စစ်ဆေးမေးမြန်းပြီး အထက်တန်းအဆင့် သင်ယူပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးရာတွင် စာမေးပွဲလေးကြိမ်ပြည့်မှီအောင်ဖြေဆိုထားရန် လိုအပ်ကြောင်းသိရသည်။
မြန်မာနိုင်ငံတွင်အခြေခံပညာကျောင်းပေါင်းလေးသောင်းကျော် ဆရာ၊ဆရာမ လေးသိန်းကျော်ရှိကြောင်း သိရသည်။
crd-People Media #Myanmar_Online_News

0 comments:

Post a Comment