Monday, August 17, 2020

အိန္ဒိယနိုင်ငံက ကိုဗစ်-၁၉ ကာကွယ်ဆေးသုံးမျိုး လက်တွေ့စမ်း သပ်နေဟု ဝန်ကြီးချုပ် မိုဒီ ပြော

အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ကာကွယ်ဆေးသုံးမျိုး မတူညီသော စမ်းသပ်မှုအဆင့်များ ရောက်ရှိနေပြီး အပြီးသတ် ထုတ်လုပ်သောအဆင့်ရောက်ရှိပါက အိန္ဒိယနိုင်ငံက ကာကွယ်ဆေးများ အစုလိုက်အပြုံလိုက် ထုတ်လုပ်သွားရန် အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်မည်ဟု ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ပြောကြားလိုက်သည်။
ဒေလီမြို့တော်ရှိ သမိုင်းဝင်ဆောက်အအုံဖြစ်သည့် ခံတပ်နီမှ ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားအဖြစ် တိုင်းပြည်သို့ မိန့်ခွန်းပြောကြားရာတွင် အိန္ဒိယနိုင်ငံအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးတွင် အ နိုင်ရရှိမည်ဟု မျှော်လင့်ပါကြောင်း မိုဒီက ဆိုသည်။
“အချိန်တိုအတွင်းအိန္ဒိယနိုင်ငံသားအားလုံးကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးရရှိရေး ကျွန်တော်တို့ရဲ့လမ်းညွှန် မြေပုံဟာ အသင့်ရှိနေပါပြီ” ဟု လွတ်လပ်ရေးနေ့မိန့်ခွန်းအတွင်း မိုဒီက ပြောကြားခဲ့သည်။
ကိုယ့်အားကိုယ်ကိုးသည့် အိန္ဒိယနိုင်ငံအနေဖြင့် အချိန်လိုအပ်ကြောင်း၊မကြာမီလက်တွေ့တစ်ခုအဖြစ်ပြောင်း လဲမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် မိုဒီက ဆိုသည်။ နိုင်ငံသားတိုင်းအား ကျန်းမာရေးအသိအမှတ်ပြုကတ်ပြား ထုတ်ပေးမည်ဟု မိုဒီက ပြောကြားခဲ့ပြီး ဒစ်ဂျစ်တယ် ကျန်းမာရေးမစ်ရှင်ကို ကြေညာလိုက်သည်။
လာမည့် ရက် ၁၀၀၀ အတွင်း ကျေးရွာ ၆၀၀၀၀၀ ခန့်အား ဆက်သွယ်မှုလုပ်ငန်းသုံးဖိုင်ဘာမှတစ်ဆင့် ချိတ် ဆက်ပေးမည်ဟု ၎င်းက ဆိုသည်။ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၇ ဘီလီယံခန့် ရင်းနှီးမြုပ်နှံမှုဖြင့် အမျိုး သား အခြေခံအဆောက်အအုံ ပိုက်လိုင်းစီမံကိန်းကို ဆောင်ရွက်မည်ဟု မိုဒီက ပြောကြားခဲ့သည်။
Ref ; People Media

0 comments:

Post a Comment