Thursday, August 13, 2020

ဒဂုံဆိပ်ကမ်းမှ“နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာစီမံကိန်း”ပထမအဆင့်ပြီးစီးပြီဖြစ်

 

ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၇၃) ရပ်ကွက်၊ မြနန္ဒာလမ်းရှိ “နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာစီမံကိန်း” ပထမအဆင့်၊ (၈) ခန်းတွဲ (၅) ထပ် တိုက် (၈) လုံးပြီးစီးပြီဖြစ်ကြောင်းသိရသည်။
စီမံကိန်း ဒုတိယအဆင့်အနေဖြင့် (၈)ခန်းတွဲ (၅) ထပ်တိုက် (၆)လုံးကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ နောက်ဆုံးထား တည်ဆောက်ပြီးစီးရန်လျာတားထားကြောင်းသိရသည်။
ယင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၏ အနီးကပ် စီမံကြီးကြပ်မှုတို့ဖြင့်Yangon Metropolitan Development Public Co., ကMain Contractor အဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ နိုင်ငံ့ဝန်ထမ်းအငှား အိမ်ရာ စီမံကိန်းတွင် (၈)ခန်းတွဲ (၅) ထပ် တိုက် (၁၄)လုံး၊ လူနေအိမ်ခန်း (၄၄၈)ခန်းနှင့် Shop House (၂၈) ခန်း စုစုပေါင်း (၄၇၆) ခန်း ပါဝင်ပြီးစီမံကိန်း ပြီးစီးပါက ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်လျှက်ရှိသော နိုင်ငံ့ဝန်ထမ်းများအား တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ငှားရမ်းနေရာချထားပေးသွားမည်ဖြစ်‌ကြောင်း သိရသည်။
Crd : PyiMyanmar

0 comments:

Post a Comment