
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသော ပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်၊ ဗန္ဓုလလမ်းသွယ်နေ ကျော်မင်းသူ(ခ)ရဲရဲ(ခ)ငရဲ ၏ နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေရာ ကွန်ကရစ်အုတ်ခုံ မီးဖိုစင်လိုဏ်ခေါင်းထဲတွင် အပြာရောင်ကပ်ခွာအိတ်များဖြင့် ထည့်ထားသော WY စာတမ်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၁၃၀၀၀၀ ပြား(ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၃၉၀၀ ကျော်)နှင့် VIVO အမျိုးအစား ဖုန်းတစ်လုံးတို့နှင့်အတူ ကျော်မင်းသူအား ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား ကော့သောင်းမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Source : တပ်မတော် #Myanmar_Online_News
0 comments:
Post a Comment