Thursday, August 20, 2020

ကျောင်းနေအရွယ် ထက်ဝက်ကျော် မူလတန်းပညာရေး၌ လမ်းဆုံးနေ၍ ပညာတတ်မှုအားနည်းဟုတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော

၂ဝ၁၄ ခုနှစ်က ကောက်ခံထားသော သန်းခေါင်စာရင်းအရ ကျောင်းအနေအရွယ် အသက် ၅ နှစ်မှ ၂၁နှစ်အ ထိ အုပ်စု ၅ ခုဖြင့်ကောက်ခံထားသော စစ်တမ်းအရ လုံးဝကျောင်းမနေဖူးသူ ၅ ဒသမ ၆သန်းရှိပြီး ကျောင်းနေအရွယ် ထက်ဝက်ကျော်သည် မူလတန်းပညာရေးနှင့်သာ လမ်းဆုံးနေသဖြင့် မြန်မာနိုင်ငံတွင် ပညာတတ်မြောက်မှု အားနည်းလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စတုတ္ထအကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ယနေ့မြန်မာနိုင်ငံ၏လူဉီးရေစာရင်းမှာ ၅၄သန်း ရှိပြီး ကျောင်းမနေဖူးသူ ၅ ဒသမ ၆သန်းရှိသဖြင့် ပညာတတ်မြောက်မှုအားနည်းနေသည့်အပြင် ၁၉၉၇ ခုနှစ်မှ ၂ဝ၁၉ ခုနှစ်အထိ ၂၁ နှစ်ကာလအတွင်း ကျောင်းနေအ ရွယ် ၂၇သန်းထဲမှ ၁၂သန်းကျော်သည် ပဉ္စမတန်း (အလယ်တန်း)သို့ တက်ရောက်သင်ကြားနိုင်ခဲ့ပြီး ကျန်ထက်ဝက်ကျော်မှာ မူလတန်းပညာရေး ဖြင့် လမ်းဆုံးခဲ့ကြောင်း တပ်ချုပ်ကပြောသည်။
ထိုအတူ ၂ဝဝဝပြည့်နှစ်မှ ၂ဝဝ၉ခုနှစ်အထိ ၁ဝ နှစ်တာ ကာလအတွင်းကျောင်းအနေရွယ် ၁၂သန်းရှိရာမှ ပဉ္စမတန်း (အခြေခံပညာအလယ်တန်း)သို့ တက်ရောက်ပညာသင်ကြားသူ ၆ ဒသမ ၄သန်းကျော်သာ ရှိကြောင်းတပ်ချုပ်က ပြော သည်။
"ကျောင်းနေတဲ့အရွယ် ထက်ဝက် ကျော်ဟာ မှုလတန်းပညာရေးမှာပဲ လမ်းဆုံးသွားခဲ့တာပါ။ဒီလိုပဲ ၂ဝဝဝ ပြည့် နှစ်က နေပြီးတော့ ၂ဝဝ၉ ခုနှစ် အထိ ၁ဝနှစ်တာ ကာလအတွင်းကို လေ့လာကြည့်တဲ့ အခါမှာလည်း ကျောင်းနေသူ ၁၂သန်းရှိပါတယ်။ ပဉ္စမတန်း အခြေခံပညာအလယ်တန်းကို ရောက်ရှိလာသူ ၆ သန်းနဲ့၄သိန်းပဲရှိပါ တယ်။ဒါဟာကျွန်တော် တို့နိုင်ငံရဲ့ လက်တွေ့ပညာရေးအခြေအနေပဲဖြစ်ပါတယ်"ဟု ဗိုလ်ချုပ်မှုးကြီးမင်း အောင်လှိုင်ကပြောသည်။
ပညာရေးအပါ်မှာ မူတည်၍ နိုင်ငံအသီးသီးသည် ဖွံ့ဖြိုးပြီးနိုင်ငံ၊ ဖွံ့ဖြိုးဆဲနိုင်ငံ၊ ဖွံ့ဖြိုးမှုနောက်ကျသော နိုင်ငံအဖြစ် ကွဲပြားခြားနားပြီး ပညာရေးနဲ့ပတ်သက်ပြီး အလုပ်အကိုင် ရရှိမှု၊တာဝန်ပေးမှု၊ တာဝန်ထမ်း ဆောင်မှုများ ခြားနားခြင်းကြောင်း အတန်းပညာတတ်လိုလျှင် ပထမဦးဆုံးကျောင်းနေရမည်ဟု တပ်ချုပ်ပြောသည်။
"အရိုးရှင်းဆုံးပြောရရင် အတန်းပညာ တတ်လိုလျှင် ပထမဦးဆုံးကျောင်းနေရမှာဖြစ်ပါတယ်။ သင်ယူလေ့ လာ ပြီး စာမေးပွဲဖြေရမှာ ဖြစ်ပါတယ်။ဒါတွေဟာ မိမိကိုယ်တိုင် လုပ်ရမယ့် အလုပ်တွေဖြစ်ပါတယ်"ဟု ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ပြောသည်။
ယင်းသဘောတရားများကို သဘောပေါက်ပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ ကွာခြားနေသော ခြားနားချက်များကို ပြောင်းလဲပစ်နိုင်မည်ဖြစ်ပြီး တောင်းဆိုရန်မလိုကြောင်း တပ်ချုပ်က ပြောသည်။
"အတန်းပညာတတ်လိုလျှင် ပထမဦးဆုံးကျောင်းနေရမှာဖြစ်ပါတယ်။ သင်ယူလေ့လာပြီး စာမေးပွဲဖြေရမှာဖြစ်ပါ တယ်။ ဒါတွေဟာ မိမိကိုယ်တိုင် လုပ်ရမယ့် အလုပ်တွေဖြစ်ပါတယ်။ တောင်းဆိုနေစရာမလိုပါဘူး"ဟု ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်ကပြောသည်။
ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို အောင်မြင်စွာတည်ဆောက်ရန် မည်သူကမှ လာရောက်ကြိုးပမ်းပေး မည်မဟုတ်ဘဲ နိုင်ငံနဲ့ ကိုက်ညီသော ဒီမိုကရေစီ ဖက်ဒရယ်စနစ်ကို ဖော်ဆောင်သွားရမည် ဖြစ်ပြီး တိုင်းရင်း သား ပြည်သူလူထု၊နိုင်ငံသူ၊ နိုင်ငံသားများက ကြိုးစားရမည်ဟု တပ်ချုပ်ကပြောသည်။
ထို့အပြင် နိုင်ငံ၏အခြေအနေနှင့် မကိုက်ညီဘဲ ဆန္ဒတစ်ခုတည်းအပေါ်မှာ အာရုံစိုက်နေကြမည့်အစား ဖြစ်နိုင်ခြေ အပေါ်တွင် အာရုံစိုက်ခြင်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ပိုမိုထိရောက်စေမည်ဟု တပ်ချုပ်ကပြောသည်။
တပ်မတော်က ၂ဝ၁၉ ခုနှစ်အား ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး အစိုးရနှင့် အင်အားစုများ အကောင် အထည်ဖော်နိုင်ရန် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် သမိုင်းတစ်လျှောက် တစ်ခါမျှ မရှိခဲ့သော တစ်ဖက် သတ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးများ ကြေညာပေးခဲ့သော်လည်း အင်အားတို့က ယင်းအခွင့်ရေးများကို အသုံးမချနိုင်ခဲ့ကြောင်း ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ပြောသည်။
Ref ; The Myanmar Times

0 comments:

Post a Comment