Thursday, August 6, 2020

ဩစတြေးလျ၊ ဂျပန်နှင့် အမေရိကန်ရေတပ်တို့မှ ဖိလစ်ပိုင်ပင်လယ်ပြင်အတွင်း စစ်ရေယာဉ်များ ပူးပေါင်း စစ်ရေးလေ့ကျင့်

ဩစတြေးလျ၊ ဂျပန်နှင့် အမေရိကန်ရေတပ်တို့မှ စစ်ရေယာဉ်များသည် ဖိလစ်ပိုင်ပင်လယ်ပြင်အတွင်း ပူးပေါင်းကာ သုံးပွင့်ဆိုင်စစ်ရေးလေ့ကျင့်မှုတစ်ခုအား ၄-၈-၂၀၂၀ ရက်နေ့တွင် လေ့ကျင့်ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
၎င်းစစ်ရေယာဉ်များသည် RIMPAC 2020 ရေကြောင်းဆိုင်ရာစစ်ရေးလေ့ကျင့်ခန်းတွင် ပါဝင်ဆောင် ရွက်ရန် အမေရိကန်နိုင်ငံ ဟာဝိုင်ယီသို့သွားရောက်ကြစဉ် ပင်လယ်ပြင်၌ ပူးပေါင်း လေ့ကျင့်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
၎င်းလေ့ကျင့်ဆောင်ရွက်မှုတွင် အမေရိကန်ရေတပ်မှ လေယာဉ်တင်သင်္ဘော USS Ronald Reagan ဦးဆောင်သည့် လေယာဉ်တင်သင်္ဘောစစ်ရေယာဉ်အုပ်မှ ပဲ့ထိန်းဒုံးပျံတင် ခရူဇာစစ်ရေယာဉ် USS Antietan နှင့် ပဲ့ထိန်းဒုံးပျံတင်ဖျက် သင်္ဘော USS Mustin ၊ ဂျပန်ရေတပ်မှ ပဲ့ထိန်းဒုံးပျံတင်ဖျက်သင်္ဘော JS Teruzuki ၊ ဩစတြေးလျရေတပ်မှ ကုန်းရေနှစ်သွယ်သွား သယ်ယူပို့ဆောင်ရေးစစ်ရေယာဉ် HMAS Canberra (LHD 02) ၊ ပင်လယ်ပြင်ထောက်ပံ့ဖြည့်တင်းရေးစစ်ရေယာဉ် HMAS Sirius (O 266) တို့ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။
လေ့ကျင့်ခန်း ဆောင်ရွက်ရာတွင် ပင်လယ်ပြင်ထောက်ပံ့ဖြည့်တင်းရေးလေ့ကျင့်ခန်းများ၊ ရေ ကြောင်းဆိုင်ရာလေတပ်ဖွဲ့ စစ်ရေးလေ့ကျင့်မှုများ၊ စစ်နည်းဗျူဟာမြောက် ပုံပြု မောင်းနှင်မှုများနှင့် ဆက်သွယ်ရေးလေ့ကျင့်ခန်းအမြောက်အများအား ၃ ရက်တိုင်တိုင် ခုတ်မောင်းသွားလာစဉ်အတွင်း လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ဩစတြေးလျရေတပ်၊ ဂျပန်ရေတပ်နှင့် အမေရိကန်တို့မှ ရေယာဉ်အုပ်အကြီးအကဲ ဖြစ်သူများ၏ ပြောကြားချက်များအရ ထိုကဲ့သို့ ပူးပေါင်းလေ့ကျင့်ခွင့်ရခြင်းသည် အလွန်အဖိုးမဖြတ်နိုင်သော အတွေ့အကြုံများရရှိခဲ့ပြီး မဟာမိတ်နိုင်ငံများ၏ တည် မြဲသောဆက်ဆံရေးကို မီးမောင်းထိုးပြကာ လွတ်လပ်ပြီးပွင့်လင်းသော အင်ဒို-ပစိဖိတ် ဒေသအတွင်း နည်းဗျူဟာဆိုင်ရာ လုပ်ငန်းလည်ပတ်မှုများအဖြစ် လုပ်ဆောင်နိုင်ခဲ့ ကြောင်း သိရပါသည်။
>>Zawgyi<<
ဩစတြေးလျ၊ ဂျပန်နှင့် အမေရိကန်ရေတပ်တို့မှ ဖိလစ်ပိုင်ပင်လယ်ပြင်အတွင်း စစ်ရေယာဉ်များ ပူးပေါင်း စစ်ရေးလေ့ကျင့်
Thursday, August 6, 2020
ဩစတြေးလျ၊ ဂျပန်နှင့် အမေရိကန်ရေတပ်တို့မှ စစ်ရေယာဉ်များသည် ဖိလစ်ပိုင်ပင်လယ်ပြင်အတွင်း ပူးပေါင်းကာ သုံးပွင့်ဆိုင်စစ်ရေးလေ့ကျင့်မှုတစ်ခုအား ၄-၈-၂၀၂၀ ရက်နေ့တွင် လေ့ကျင့်ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ ၎င်းစစ်ရေယာဉ် များသည် RIMPAC 2020 ရေကြောင်းဆိုင်ရာစစ်ရေးလေ့ကျင့်ခန်းတွင် ပါဝင်ဆောင် ရွက်ရန် အမေရိကန်နိုင်ငံ ဟာဝိုင်ယီသို့သွားရောက်ကြစဉ် ပင်လယ်ပြင်၌ ပူးပေါင်း လေ့ကျင့်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
၎င်းလေ့ကျင့်ဆောင်ရွက်မှုတွင် အမေရိကန်ရေတပ်မှ လေယာဉ်တင်သင်္ဘော USS Ronald Reagan ဦးဆောင်သည့် လေယာဉ်တင်သင်္ဘောစစ်ရေယာဉ်အုပ်မှ ပဲ့ထိန်းဒုံးပျံတင် ခရူဇာစစ်ရေယာဉ် USS Antietan နှင့် ပဲ့ထိန်းဒုံးပျံတင်ဖျက် သင်္ဘော USS Mustin ၊ ဂျပန်ရေတပ်မှ ပဲ့ထိန်းဒုံးပျံတင်ဖျက်သင်္ဘော JS Teruzuki ၊ ဩစတြေးလျရေတပ်မှ ကုန်းရေနှစ်သွယ်သွား သယ်ယူပို့ဆောင်ရေးစစ်ရေယာဉ် HMAS Canberra (LHD 02) ၊ ပင်လယ်ပြင်ထောက်ပံ့ဖြည့်တင်းရေးစစ်ရေယာဉ် HMAS Sirius (O 266) တို့ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။
လေ့ကျင့်ခန်း ဆောင်ရွက်ရာတွင် ပင်လယ်ပြင်ထောက်ပံ့ဖြည့်တင်းရေးလေ့ကျင့်ခန်းများ၊ ရေ ကြောင်းဆိုင်ရာလေတပ်ဖွဲ့ စစ်ရေးလေ့ကျင့်မှုများ၊ စစ်နည်းဗျူဟာမြောက် ပုံပြု မောင်းနှင်မှုများနှင့် ဆက်သွယ်ရေးလေ့ကျင့်ခန်းအမြောက်အများအား ၃ ရက်တိုင်တိုင် ခုတ်မောင်းသွားလာစဉ်အတွင်း လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ဩစတြေးလျရေတပ်၊ ဂျပန်ရေတပ်နှင့် အမေရိကန်တို့မှ ရေယာဉ်အုပ်အကြီးအကဲ ဖြစ်သူများ၏ ပြောကြားချက်များအရ ထိုကဲ့သို့ ပူးပေါင်းလေ့ကျင့်ခွင့်ရခြင်းသည် အလွန်အဖိုးမဖြတ်နိုင်သော အတွေ့အကြုံများရရှိခဲ့ပြီး မဟာမိတ်နိုင်ငံများ၏ တည် မြဲသောဆက်ဆံရေးကို မီးမောင်းထိုးပြကာ လွတ်လပ်ပြီးပွင့်လင်းသော အင်ဒို-ပစိဖိတ် ဒေသအတွင်း နည်းဗျူဟာဆိုင်ရာ လုပ်ငန်းလည်ပတ်မှုများအဖြစ် လုပ်ဆောင်နိုင်ခဲ့ ကြောင်း သိရပါသည်။

0 comments:

Post a Comment