Thursday, August 6, 2020

ယာယီပိတ်မည့် တောင်ဒဂုံစက်မှုဇုန်ရှိ Bince Myanmar ဖိနပ်စက်ရုံရှေ့တွင် အလုပ်သမားများ စုပေါင်းတောင်းဆိုမှုပြုလုပ်

ကုန်ကြမ်းမရသည့် အကြောင်းပြချက်ဖြင့် စက်ရုံအား ယာယီပိတ်မည်ဆိုသည့် တောင်ဒဂုံစက်မှုဇုန်ရှိ BinceMyanmar ဖိနပ်စက်ရုံရှေ့တွင် ယနေ့မနက်က ရာနှင့်ချီသည့် အလုပ်သမားများ စုပေါင်းတောင်းဆိုမှုပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ယင်းစက်ရုံမှအလုပ်သမားတစ်ဦးက “သူတို့က ဒီလ ၁၅ရက်နေ့ကစပြီး ကုန်ကြမ်းမရတဲ့အတွက် စက်ရုံကို ယာယီပိတ်မယ်ပြောတယ်။ ၄၅ရက်ပိတ်မယ်လို့ပြောတယ်။ လုပ်ခ ၄၀ရာခိုင်နှုန်းရှင်းပေးမယ်ပြောတယ်။ သူတို့ကို မယုံဘူး။ ကျွန်တော်တို့က တစ်နေ့ ၄၈၀၀ အပြည့်ပေးလို့တောင်းတာ။ အဆင်မပြေလို့ စုပေါင်းတောင်းဆိုတာပါ”ဟု ပြောပြသည်။ စက်ရုံနှင့် ညှိနှိုင်းနေသော်လည်း ယနေ့ နေ့လည် ၂နာရီခွဲအထိ အဆင်မပြေသေးကြောင်း သိရသည်။
crd-Myanmar Harp #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment