Wednesday, August 5, 2020

အခြေခံပညာကျောင်းများကို အဆင့် A၊ B၊ C သတ်မှတ်၍ ဖွင့်ခိုင်းနေခြင်းမှာ ပညာရေးဝန်ကြီး ဉာဏ်နည်းကြောင်း ပေါ်လွင်ဟု ဆရာများသမဂ္ဂ ဝေဖန်

အခြေခံပညာကျောင်းများကို အဆင့် A၊ B၊ C သတ်မှတ်၍ဖွင့်ခိုင်းနေခြင်းမှာ ပညာရေးဝန်ကြီး ဉာဏ်နည်းကြောင်း ပေါ်လွင်ဟု တက္ကသိုလ်ဆရာ၊ဆရာများ သမဂ္ဂမှ အမှုဆောင် ဒေါက်တာအာကာမိုးသူကပြောသည်။
အခြေခံကျောင်းများအပေါ် ကန့်သတ်ထားသည့် စည်းကမ်းချက်များနှင့် ပတ်သက်၍ သြဂုတ်လ ၅ ရက် people media က ဆက်သွယ်မေးမြန်းရာတွင် တက္ကသိုလ်ဆရာ၊ ဆရာမများ သမဂ္ဂမှအမှုဆောင် ဒေါက်တာ အာကာမိုးသူကပြောကြားခဲ့သည်။
“ကျွန်တော်မြင်တာကတော့ တန်းတူညီမျှရေးကို သွားမြင်တယ်။ပညာသင်ကြားခွင့်ဆိုတာတန်းတူအခွင့်အေ ရးရရမယ်လေ။ အဆင့်မမှီတဲ့ကျောင်းတောင်သူ ကဘယ်လိုမြှင့်တင်ပေးမလဲစဉ်းစားပေးရမှာ ပေါ့။အဲဒီစဉ်း စားချက်မရှိဘူးဆိုရင်တော့ကလေးတွေနစ်နာမှာပေါ့။ အခုက သူကကောင်းတဲ့ကျောင်းတွေဆိုဖွင့်ေ ပါ့။ ပညာရေး ဝန်ကြီး ဉာဏ်နည်းတာဖြစ်မှာပေါ့။ အဲဒီလိုမျိုးပေါ့’’ဟု ၎င်းကပြောသည်။
Covid 19ကာလအတွင်း အခြေခံပညာကျောင်းများကို ရောဂါကာကွယ်ရေး သတ်မှတ်သည့်အဆင့်Aရမှသာ အထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်ခွင့်ပြုပြီး ဇူလိုင်၂၀ရက်နေ့ထိ အဆင့်အေရရှိသည့်ကျောင်း ၃၇၇၂ ကျောင်း၊ အဆင့်ဘီရရှိသည့်ကျောင်း ၁၂၂၀ကျောင်း၊အဆင့်စီရရှိသည့်ကျောင်း ၈၃၈ကျောင်းရရှိပြီး ကျောင်းများကိုရောဂါကာကွယ်ရေး အဆင့်မီသည့်ကျောင်းဖြစ်ရေး ပြုလုပ်ရသည်တို့မှာ အခက်အခဲရှိကြောင်း ဆရာများကလည်းဆိုကြသည်။
Ref ; People Media

0 comments:

Post a Comment