Tuesday, August 18, 2020

တရုတ်နိုင်ငံသည် လက်နက်ကုန်သွယ်ရေးစာချုပ်ATT ညီလာခံသို့ အဖွဲ့ဝင်နိုင်ငံအဖြစ် ပထမဆုံးအကြိမ်တက်ရောက်ခဲ့

တရုတ်နိုင်ငံသည် ဩဂုတ်လ ၁၇ ရက်နေ့တွင် လက်နက်ကုန်သွယ်ရေးစာချုပ် (ATT)တွင်ပါဝင်သော အဖွဲ့ဝင်နိုင်ငံတစ်ခုအဖြစ် ညီလာခံသို့ပထမဆုံးအကြိမ် တက်ရောက်ခဲ့ပြီး အစည်း အဝေးသို့တင်ပြစာဖြင့် ရေးသားထားသော ထုတ်ပြန်ချက်တွင် လက်နက်ထိန်းချုပ်ရေးဆိုင်ရာယန္တရားများကို တင်းကြပ်စွာချမှတ်ရန် တောင်းဆို ခဲ့ပါသည်။
၆ ကြိမ်မြောက်ညီလာခံသို့ ATT သို့တက်ရောက်သော အဖွဲ့ဝင်နိုင်ငံများ၏ ရေးဆွဲထားသောလုပ်ထုံးလုပ်နည်းအတိုင်းဖိတ်ခေါ်ခဲ့ပြီး ဩဂုတ်လ ၂၁ ရက်နေ့ထိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။
ထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံမှ ATT ကို ပိုမိုအားဖြည့်ဆောင်ရွက်ရန်နှင့် ပတ်သက်၍ အဆိုပြုခဲ့ပြီး လက်နက်ရောင်းချမှုမှတစ်ဆင့် အချုပ်အခြာအာဏာပိုင် နိုင်ငံများ၏ ပြည်တွင်းရေးတွင်ဝင်ရောက်စွက်ဖက်နေခြင်းကို ရပ်တန့်ရန်နှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများသို့ လက်နက်ရောင်းချခြင်းကို ရှောင်ရှားရန် အတွက်တိုက်တွန်းခဲ့ပါသည်။
တရုတ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂ၏လုပ်ထုံးလုပ်နည်းနှင့်အညီ သမားရိုးကျ လက်နက်ထိန်းချုပ်ရေးဆိုင်ရာယန္တရားများကို အပြန်အလှန်အားဖြည့်ဆောင်ရွက်ရန် နှင့် ပူးပေါင်းဆောင်ရွက်ရန် ထောက်ခံအားပေးခဲ့ပြီး သမားရိုးကျလက်နက်ထိန်းချုပ် ရေး၏ အဓိကကျသည့်အခန်းကဏ္ဍမှဆောင်ရွက်နေခြင်းကို ကုလသမဂ္ဂမှ တက်ကြွစွာ ထောက်ပံ့ပေးခဲ့ပါသည်။
ညီလာခံဉက္ကဋ္ဌ Federico Villegas ၊ ATT အတွင်းရေးမှူးဌာန၏အကြီးအကဲ Dumisani Dladla နှင့် တရုတ်နိုင်ငံ၏ လက်နက်ဖျက်သိမ်းရေးဆိုင်ရာ အထူးသံအမတ် Li Song တို့မှ ဖုန်းဖြင့်ဆွေးနွေးကြရာတွင် တရုတ်နိုင်ငံအနေဖြင့် စစ်ဘက်ဆိုင်ရာ တင်ပို့မှုများကို တင်းကြပ်စွာစီမံခန့်ခွဲရန်နှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရားမဝင် လက်နက်တင်ပို့ရောင်းချမှုကိုနှိမ်နင်းရန်နှင့် ဖြစ်ပေါ်လာသောပြဿနာများကို ညဏ်ပညာရှိစွာနှင့် တာဝန်ယူဖြေရှင်းရန် Li မှ တိုက်တွန်းခဲ့ပါသည်။
Li သည် နိုင်ငံ၏ကမ္ဘာလုံးဆိုင်ရာလက်နက်တင်ပို့ရောင်းချမှုကို ထောက်ပံ့နေ ခြင်းမှာ ဒေသတွင်းနှင့် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို ကာကွယ်ရန် အရေးကြီးသောခြေလှမ်းဖြစ်ကြောင်း ထပ်လောင်းအတည်ပြုပြောကြား ခဲ့ပါသည်။
တရုတ်နိုင်ငံအနေဖြင့် ATT ညီလာခံတွင် ပါဝင်ခဲ့ရခြင်းမှာ ဘက်ပေါင်းစုံမူဝါဒကို ထောက်ခံအားပေးခြင်း လူသားတို့အတွက် အနာဂတ်ရှိသည့် အသိုက်အဝန်းတစ်ခု တည်ဆောက်ခြင်းတို့တွင် ၎င်းတို့၏ ရိုးသားမှုနှင့် ဆုံးဖြတ်ချက်ကိုပြသခြင်းဖြစ်ကြောင်း Li မှပြောကြားခဲ့ပါသည်။
Source : CGTN
China joins ATT conference as a state party for the first time

0 comments:

Post a Comment