Wednesday, August 26, 2020

ကော့ခ်ဘဇားတွင် ဒုက္ခသည်စခန်းအတွင်း အာဏာတည်ဆောက်လိုသည့် ARSA နှင့် ခွဲထွက်အဖွဲ့တို့အကြား အပြန်အလှန်ပစ်ခတ်ခဲ့ကြသည်ဆိုသော်လည်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင် ငြင်းဆို

အင်္ဂါနေ့ ဘင်္ဂလားဒက်ရှ်နိုင်ငံ ကော့ခ်ဘဇားစခန်းတွင် ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာ ) အုပ်စု ၂-စုအ ကြား ပဋိပက္ခဖြစ်ပွားခဲ့ရာ ကိုယ်ထိလက်ရောက်ပါဝင်သည်ဟူသော စွပ်စွဲချက်ဖြင့် အန်ချီပရန်ဧရိယာရှိ စခန်းအမှတ် ၂၂ မှ အနည်းဆုံး ဒုက္ခသည်ဘင်္ဂါလီ ၆ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟု Dhaka Tribune က ယမန်နေ့ရေးသားသည်။
အင်္ဂါနေ့ ဖစခန်းအမှတ် ၂၂ တွင် ာ့ဂျ်ဆုတောင်းဝတ်ပြုအပြီး ဒုက္ခသည်ဘင်္ဂါလီအုပ်စု ၂-စုအကြား သေနတ်ပစ်ခတ်မှုဖြစ်ပွားကြောင်းသတင်းအရ တပ်ဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့ကြောင်း၊ တောအုပ်အတွင်းမှလူ ၉ ယောက် ကို ဖမ်းဆီးခဲ့ရာ ဥပဒေကြောင်းအရ အရေးယူမည်ဖြစ်ကြောင်းအမှတ် ၁၆ သေနတ်ကိုင်ရဲတပ်ရင်း၊တပ်ရင်း မှူး မိုဟာမက်ဟီမာယက်တူလ်အစ္စလာမ်က ပြောဆိုသည်။
အပြန်အလှန် သေနတ်ပစ်ခတ်မှုသည် သြဂုတ်လ ၂၅-ရက်နေ့ အကြိုကာလတွင် ဖြစ်ပွားခဲ့သည်။ အဆိုပါနေ့မှာ ၂၀၁၇-ခုနှစ် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းတွင် ဆူပူသောင်းကျန်းသူ ဒေသခံဗုဒ္ဓဘာ သာဝင်တို့၏ အကူအညီဖြင့် စစ်ဖက်ဖြိုခွင်းမှုကြောင့် ဒုက္ခသည်ဘင်္ဂါလီ ထောင်ပေါင်းများစွာတို့ ဇာတိမြေအား စွန့်ခွာခဲ့ရသည့် ၃-ကြိမ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သည်။
ဒုက္ခသည်စခန်းတွင်း သတင်းရင်းမြစ်များအရ မီးရှို့မှုနှင့်ဆက်စပ်လျှက် ကနဦး ထိန်းသိမ်းခံရသူ ၉-ဦး ရှိသော်လည်း နောက်ပိုင်းတွင် ၎င်းတို့အား ပြန်လွှတ်ပေးခဲ့ကြောင်း၊ လုပ်သေနတ် ၂-လက် ကျည် ၇-တောင့်၊ ချွန်ထက်သော အရာဝတ္ထု ၂-ခုတို့နှင့်အတူ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
ဖမ်းဆီးခံရသော ဒုက္ခသည်ဘင်္ဂါလီများမှာ ကိုယ်ရေးကိုယ်တာကိစ္စမှပဋိပက္ခဖြစ်ပွားခြင်းကြောင့်ဖြစ်ကြောင်း စခန်းအမှတ်-၂၂ ၏ တာဝန်ခံဖြစ်သူ ရာရှစ်ဟတ်စန်က ပြောဆိုသည်။ သို့သော် အခြား သတင်းရင်းမြစ်များကမူ ဒုက္ခသည်စခန်း၌ အာဏာတည်ဆောက်လိုသည့် အဖွဲ့ နှစ်ဖွဲ့တို့ကြောင့် တင်းမာမှုဖြစ်နေသည်မှာ ရက်အနည်းငယ်မျှ ရှိပြီဖြစ်ကြောင်း၊ ( ARSA ၏ မူလအမည် ) Harakah al-Yaqin “ ဟာရာခါ အယ်လ်ယာကင် “ အုပ်စုနှင့် ၎င်းအုပ်စုမှ ခွဲထွက်လိုသူများဖြစ်ကြောင်း ပြောဆိုကြသည်ဟု Dhaka Tribune က ရေးသားသည်။
ပဋိပက္ခဖြစ်ပွားရခြင်းမှာ အာဏာတည်ဆောက်ရန် ကြိုးစားသည့် အုပ်စု ၂-စုတို့ကြောင့် ဖြစ်ကြောင်း ရဲတပ် ရင်းမှူး အစ္စလာမ်က ပြောဆိုသော်လည်း “ အယ်လ်ယာကင် “ အုပ်စု ဟုတ်-မဟုတ် အတည်ပြုနိုင်ခြင်း မရှိ ကြောင်း၊ တက္ကနဖ်ရဲစခန်း၌ အမှုဖွင့်လှစ်ရန် ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း ရှင်းပြသည်။
“ အယ်လ်ယာကင် “ ဆိုသည်မှာ မိမိကိုယ်မိမိ Arakan Rohingya Salvation Army “ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ် “ ( ARSA ) ဟု ၂၀၁၆-ခုနှစ်တွင် အမည်ပြောင်းထားသည့် ရိုဟင်ဂျာဆိုသူများ စစ်သွေး ကြွအုပ်စုဖြစ်သည်။ ၎င်းဒုက္ခသည်ဘင်္ဂါလီများ၏ ရည်ရွယ်ချက်မှာ ရိုဟင်ဂျာဆိုသူများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ထူထောင်ရန်ဖြစ်သည်။
ARSA သည် ကော့ခ်ဘဇားရှိ ဒုက္ခသည်စခန်းများတွင် တက်ကြွစွာ လှုပ်ရှားလျှက်ရှိပြီး၊ ပါကစ္စတန်ထောက် လှမ်းရေးအေဂျင်စီ ISI ၏ ပံ့ပိုးမှုဖြင့် စစ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့ကြောင်း အိန္ဒိယမီဒီယာများက ဖော်ပြကြသည်။ သို့သော် ဘင်္ဂလားဒက်ရှ်အစိုးရအရာရှိများကမူ ဒုက္ခသည်စခန်းများတွင် ARSA ရပ်တည်နေခြင်း မရှိဟု ငြင်းဆိုခြင်းဖြင့် စစ်ရေးလေ့ကျင့်သည်ဆိုခြင်းအပါအဝင် လှုပ်ရှားလျှက်ရှိသည်ကို စောဒကတက်ရန် မဖြစ်နိုင်တော့ချေ။
လွန်ခဲ့သည့် သြဂုတ်လ ၁၅-ရက်နေ့တွင် အိန္ဒိယသတင်းစာများရေးသားရာ၌ Inter-Services Intelligence ပါကစ္စတန်ထောက်လှမ်းရေးအေဂျင်စီ (ISI) သည် မြန်မာနိုင်ငံတွင် ARSA ကိုကျောထောက်နောက်ခံပြု၍ စစ်သွေးကြွများကို လေ့ကျင့်ပေးရန်ဘင်္ဂလားဒက်ရှ်အကြမ်းဖက်အဖွဲ့ ( JMB ) အား ကူညီလျှက်ရှိကြောင်း၊ ARSA အား တွန်းလှန်တိုက်ခိုက်ရာတွင် ဘင်္ဂလားဒက်ရှ်နှင့် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များပူးပေါင်းလျှက်ရှိကြောင်း ပါရှိသည်။
အိန္ဒိယသတင်းစာများ၏ ရေးသားချက်အားလုံးတို့သည် Deutsche Welle (DW) “ ဒွိုက်ချ်ဝယ်လီ “ အမည်ရှိ ဂျာမန်သတင်းစာ၏ ဖေဖော်ဝါရီ ၁၃-ရက်နေ့ သတင်းဖော်ပြချက်အား အခြေခံထားသည်ကို တွေ့ရပြီး၊ ဂျာမန်သတင်းစာသည်လည်း အိန္ဒိယမီဒီယာများအား ကိုးကားရေးသားထားခြင်း ဖြစ်နေသည်ဟု ဘင်္ဂလားဒက်ရှ် အာဏာပိုင်များက ချေပပြောဆိုသည်။
ထို့ပြင် ဒုက္ခသည်ဘင်္ဂါလီစခန်းများအား စီမံခန့်ခွဲရေးအပါအဝင် ဒုက္ခသည်အကြပ်အတည်း၌ ဘင်္ဂလားဒက်ရှ် အစိုးရ၏ အကူအညီပေးရေးနှင့် ပြန်လည်နေရာချထားရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး RRRC မှ ကာဇီမိုဟာမက်ဟိုကီးနှင့် ကော့ခ်ဘဇား ခရိုင်ရဲတပ်ဖွဲ့ အကြီးအကဲ မာဆွတ်ဟိုစိန်တို့ကလည်း Dhaka Tribune နှင့် တွေ့ဆုံစဉ် ဒုက္ခသည်စခန်းများအတွင်း၌ ARSA ရှိနေသည်ဆိုခြင်းကို ငြင်းဆိုသွားခဲ့သည်။
Source - Htay Oung

0 comments:

Post a Comment