Tuesday, August 4, 2020

ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်ကိုယ်ရေးအရာရှိဟောင်း ဒေါက်တာတင်မာအောင် ALD ပါတီ တောင်ကုတ်မြို့မဲဆန္ဒနယ်မှနေ၍ ရွေးကောက်ပွဲဝင်မည်ဖြစ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်ကိုယ်ရေးအရာရှိအဖြစ် လုပ်ဆောင်ခဲ့သူ ဒေါက်တာတင်မာအောင်အနေဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်တိုင်းရင်းသားပါတီတစ်ခုမှ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
ဒေါက်တာတင်မာအောင်ဟာ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD)ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး တောင်ကုတ်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)ကနေ ဝင်ရောက်ယှဉ်ပြိုင် သွားမှာ ဖြစ်တယ်လို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဦးလှမြင့်က ပြောပါတယ်။
“ဒေါက်တာတင်မာအောင်အပါအဝင် ဒေါ်ထုမေတို့က ပြည်သူတွေရဲ့ ယုံကြည်မှုကို ခံရတဲ့သူတွေပေါ့နော်။ အဲ့တော့ ဒေါက်တာတင်မာအောင် ပါလာတဲ့အတွက် ပြည်သူယုံကြည်တဲ့လူတစ်ယောက်ပါလာတဲ့အတွက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ကို နဂိုကတည်းက နိုင်ငံရေးဖြတ်သန်းမှုအစဉ်အလာကြီးမားတဲ့ ပါတီတစ်ခု အနေနဲ့ ပိုပြီးအားသာစေ တယ်ပေါ့နော်။” ဟု ဦးဦးလှမြင့်က ပြောပါတယ်။

0 comments:

Post a Comment