Wednesday, August 5, 2020

ဂျပန်လက်လီလုပ်ငန်း Aeon က မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ်မည့်၎င်းတို့၏ ကုန်တိုက်အတွက် ဒေါ်လာ သန်း ၁၈၀ ရင်းနှီးမြှုပ်နှံမည်

ဂျပန်လက်လီလုပ်ငန်းအုပ်စု Aeon က မြန်မာနိုင်ငံ၏အကြီးဆုံးမြို့ဖြစ်သော ရန်ကုန်မြို့တွင်စီးပွားဖြစ် အ ဆောက်အအုံကြီးတစ်ခု တည်ဆောက်လိမ့်မည်ဟု ဩဂုတ်လ ၄ ရက်နေ့ကပြောကြားခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုအမေရိကန်ဒေါ်လာသန်း ၁၈၀ နှင့်အတူ အရှေ့တောင်အာရှနိုင်ငံ၏ဈေးကွက်သို့ ပထမဆုံးအကြိမ်ရောက်ရှိခြင်းဖြစ်သည်ဟု ဆိုသည်။
Aeon Mall ဈေး ဝယ်စင်တာသည် ၇၂၀၀၀ စတုရန်းမီတာအကျယ်ထား၍ တည်ဆောက်မည်ဖြစ်ပြီး မိနစ် ၃၀ အတွင်းရန်ကုန်မြို့နှင့်ကားမောင်းသွားနိုင်မည်။ စက်ရုံတည်ဆောက်ခြင်းကို ၂၀၂၁ ပထမနှစ်ဝက်တွင် စတင်ပြုလုပ်သွားမည်ဖြစ်ပြီး၊ ၂၀၂၃ ခုနှစ်တွင်ဖွင့်လှစ်ရန်ရည်ရွယ်ထားသည်ဟု သိရသည်။
ဇူလိုင်လနှောင်းပိုင်းတွင်မြန်မာအစိုးရကခွင့်ပြုခဲ့သည့်ရင်းနှီးမြှုပ်နှံမှုကို Aeon နှင့်ရွှေတောင်အုပ်စုဖြစ်သည့်ဒေသခံလုပ်ငန်းစုကြီးတို့ ဖက်စပ် ပြုလုပ်ကြလိမ့်မည်။ အဆိုပါအကျိုးတူလုပ်ငန်းသည် ၇၀% ကို Aeon Mall မှပိုင်ဆိုင်ပြီး Aeon အုပ်စု၏ ၃၀% နှင့်ရွှေတောင်ကပိုင်ဆိုင်သည်ဟု သိရသည်။
ရွှေတောင်အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ၏အမှုဆောင်အရာရှိချုပ်စန္ဒာထွန်းကလည်း လတ်ဆတ်သော၊ ပိုမိုဆန်းသစ်သောလက်လီနှင့်လူနေမှုပုံစံစသောသဘောတရားများကို မြန်မာနိုင်ငံသို့ယူဆောင်လာရန် ရွှေ တောင်ကုမ္ပဏီအနေဖြင့် Aeon Mall နှင့် ဤမဟာဗျူဟာမြောက်ဖက်စပ်လုပ်ငန်း၌ ပူးပေါင်းလုပ်ဆောင်ရသည့်အတွက် စိတ်လှုပ်ရှားသည်ဟု ပြောသည်။ ဈေးဝယ်စင်တာသစ်၏တည်နေရာမှာ ဒဂုံဆိပ်ကမ်း၌ဖြစ်ပြီး သီလဝါအထူးစီးပွားရေးဇုန်နှင့်လည်းနီးသည်ဟု သိရသည်။
၂၀၁၈ ခုနှစ်တွင် မြန်မာအစိုးရသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများအား သတ်မှတ်ထားသည့်အဆင့်ထက် ကျော်လွန်၍ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန်လက်လီနှင့်လက်ကားရောင်းဝယ်မှုကဏ္ဍများကို ဝင်ရောက်ခွင့်ပြုသည့် စည်းမျဉ်းဥပဒေပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ခဲ့သည်။ ဂျပန်၏ လက်လီဈေးကွက်တွင် Aeon သည် ဆိုင်အသစ်များဖွင့်လှစ်မည့်အစား လက်ရှိစတိုးဆိုင်များကိုပြန်လည်ပြုပြင်ရန် မဟာဗျူဟာ ဦး စားပေးကိုပြောင်းလဲလိုက်သည်ဟု ဆိုသည်။ ကုမ္ပဏီသည် နိုင်ငံရပ်ခြားတွင် စတိုးဆိုင်အသစ်များတည် ထောင်ခြင်းကိုအရှိန်မြှင့်နေသည်။ ၂၀၂၆ ခုနှစ်ဖေဖော်ဝါရီလအထိ တရုတ်နှင့်အခြားနိုင်ငံများရှိဆိုင်ခွဲအရေ အတွက်ကို ယခုအခါ ၃၀ မှ ၇၀ သို့တိုးမြှင့်ရန်စီစဉ်ထားသည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံထားရသောလူဦးရေ ၃၅၀ ခန့်သည် အိမ်နီးချင်းနိုင်ငံများထက် လွန်စွာ နည်းသည်။ ထို့ကြောင့် ကိုဗစ်-၁၉ ကူးစက်ရောဂါကို အဆုံးသတ်နိုင်ခြင်းမရှိသေးသော်လည်း Aeon Mall ၏ ဥက္ကဌ Yasutsugu Iwamura က "ဒီအစီအစဉ်ကိုကျွန်တော်တို့ပြောင်းလဲမှာမဟုတ်ဘူး" ဟုပြောကြားခဲ့သည်။
ကမ္ဘာ့ဘဏ်၏ခန့်မှန်းချက်အရ မြန်မာနိုင်ငံ၏စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်တွင် ဝ.၅ % ထိ ကျဆင်းသွားသော်လည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်မူ ၇.၂ % ထိ တိုးတက်လိမ့် မည်ဟု ခန့်မှန်းထားသည်။
Ref ; Myanmar Harp Media

0 comments:

Post a Comment