Monday, August 17, 2020

ကျောက်ဖြူမြို့နယ်၊ ကပ်သပြေကျေးရွာတွင် AA အကြမ်းဖက်သောင်းကျန်းသူ အမာခံ ၃ ဦး ဖမ်းဆီးရမိ

ကျောက်ဖြူမြို့နယ်၊ ကပ်သပြေကျေးရွာ၊ သိုင်းချောင်း-သစ်ပုတ်တောင်ကားလမ်းဘေးရှိ ကွမ်းယာဆိုင်၌ မသင်္ကာဖွယ်လူတစ်စုအား တွေ့ရှိရ၍ စစ်ဆေးရာမှ AA အကြမ်းဖက်သောင်းကျန်းသူများနှင့်ပတ်သက်ဆက်နွယ် အားပေးကူညီခဲ့သူ အမာခံ ၈ ဦးအား ဖမ်းဆီးရမိခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခဲ့ကြောင်း ဇူလိုင် ၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
အဆိုပါ ဖမ်းဆီးရမိ အမာခံ ၈ ဦးအား အသေးစိတ် စစ်ကြောမေးမြန်းချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဩဂုတ် ၁၄ ရက် နံနက်ပိုင်းတွင် ကပ်သပြေကျေးရွာ ဝင်၊ ထွက်လမ်းများအား ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ထပ်မံ၍ AA အကြမ်းဖက် သောင်းကျန်းသူ အမာခံ ဘသိန်းရွှေ(ခ)မနီကျာ(ဘ) ဦးဘအေး ၄၈ နှစ် ၊ ဝေသိန်းအောင် (ဘ)ဦးအေးဇော်အောင် ၄၆ နှစ်၊ သန်းမြင့်အောင်(ခ)သန်းမြင့်ရွှေ (ဘ) ဦးရွှေဦး ၄၀ နှစ် တို့ ၃ ဦးအား ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိ AA အကြမ်းဖက်သောင်းကျန်းသူ အမာခံ ၃ ဦးအား သက်ဆိုင်ရာသို့ လွှဲပြောင်း၍ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

0 comments:

Post a Comment