Thursday, August 13, 2020

AA အကြမ်းဖက်သောင်းကျန်းသူများမှ ရသေ့တောင်မြို့နယ်ရှိ တံတားတစ်စင်းအား မိုင်းခွဲဖျက်ဆီးသွားခဲ့ကြောင်း တပ်မတော် ထုတ်ပြန်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျောက်ခုံဘုတ်ကျေးရွာနှင့် ရေစိုးချောင်းကျေးရွာတို့အား ဆက်သွယ်ထားသည့် သံဘောင်ဘေလီ ပျဉ်ခင်းအမျိုးအစား အရှည် ၁၂၀ ပေခန့်ရှိ တံတားအားယမန်နေ့ နံနက် ၄ နာရီခန့်တွင် AA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းခွဲဖျက်ဆီးခဲ့ရာ တံတား၏အလယ်တွင် ပေ ၃၀ ခန့် ပျက်စီးခဲ့ပြီး ဖြတ်သန်းသွားလာ၍ မရတော့ကြောင်း သိရှိရသည်။
AA အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ပျက်ပြားစေရန် ရည်ရွယ်ချက်များဖြင့် အများပြည်သူသွား လမ်းများ၊ တံတားများအား မိုင်းထောင်ခြင်း၊ ဖောက်ခွဲခြင်းများ မကြာခဏ ပြုလုပ်ခြင်းများကြောင့် ဒေသခံပြည်သူလူထုအနေဖြင့် စိုးရိမ်ကြောင့်ကျထိတ်လန့်လျက်ရှိပြီး ၎င်းနေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Source : တပ်မတော် #Myanmar_Online_News

0 comments:

Post a Comment