Monday, August 17, 2020

AA ကို အကြမ်းဖက်အဖြစ်ကြေညာထားပေမဲ့ ငြိမ်းချမ်းရေးတံခါးမပိတ်ထားဘူးလို့ ဦးဇော်ဌေးပြော

AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့လို့ ကြေညာထားပေမဲ့ ငြိမ်းချမ်းရေးတံခါးမပိတ်ထားဘူးလို့ နိုင်ငံတော်အတိုင် ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက ပြောပါတယ်။
ဒီနေ့သြဂုတ်လ(၁၇)ရက်နေ့ နေပြည်တော်မှာကျင်းပတဲ့ (၁၉)ကြိမ်မြောက်ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေး နွေးမှု(UPDJC)အစည်းအဝေးပြီး ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက ပြောခဲ့တာပါ။
“အကြမ်းဖက်အဖွဲ့လို့ ကြေညာထားသော်လည်းပဲ ငြိမ်းချမ်းရေးမဆွေးနွေးဘူးလို့ ဆိုလိုတာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ အခု NCA ထိုးပြီးသွားတယ် RCSS တို့ ABSDF တို့ အရင်တုန်းက မတရားအသင်းလည်း ဖြစ်ခဲ့တယ်။ အကြမ်းဖက်အဖွဲ့အစည်းလည်း ဖြစ်ခဲ့တယ်။ အဲဒီတော့ NCA မထိုးခင်အချိန်မှာ အဲဒီအဖွဲ့တွေကို ဖျက်ပေးလိုက်တာ။ ဒီအဖွဲ့စည်းတွေ အကြမ်းဖက်ကြေညာခဲ့ပေမဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေလုပ်ခဲ့တာပဲ။"လို့ ဦးဇော်ဌေးက ပြောပါတယ်။
AA အဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးကိုလိုလားပြီး တွေ့ဆုံဆွေးနွေးရေးလိုလားတယ်လို့ ကြေညာချက်တွေထွက်လာပေမဲ့ လက်တွေ့လုပ်ဆောင်ချက်တွေပါထင်ဟပ်ဖို့လိုပြီးတော့ ထုတ်ပြန်ချက်နဲ့ လက်တွေ့လုပ်ဆောင်ချက် ကြားမှာ ကွာဟမှုတွေရှိတာကြာင့် အစိုးရအနေနဲ့ အခက်ခဲဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။
AA ပါဝင်ပြီး “ဝ”အဖွဲ့ဦးဆောင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (၇)ခုရဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေး နွေး ညှိနှိုင်းရေးကော်မတီ (FPNCC) ကလည်း ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက AA အဖွဲ့ကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ မဖိတ်တဲ့အပေါ် စိတ်မကောင်းဖြစ်ရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
အခုအချိန်မှာတော့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် (၁၀)ဖွဲ့တို့ဟာ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) ကို လက်မှတ်ရေးထားပါတယ်။
Ref ; O Media

0 comments:

Post a Comment